Saturday, September 19, 2015

၂၀၁၈ ကမ္ဘာဖလား အတွက် လူမျိုးရေး ခွဲခြားမှု မရှိဟု ရုရှားအသင်း ပြော


အန်ဒရီဘစ်ကေးနှင့် စမာတင်

၂၀၁၈ ရုရှားနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာဖလား ဘောလုံး ပြိုင်ပွဲမှာ လူမျိုးရေး ခွဲခြားမှု မရှိဘူးလို့ ရုရှား အသင်း ခေါင်းဆောင် ဟောင်းက ပြောပါတယ်။


ဒီနှစ်အစောပိုင်းက ဘောလုံး ပြိုင်ပွဲမှာ လူမျိုးရေး ခွဲခြားမှု ဆန့်ကျင်ရေး အဖွဲ့က လူမျိုးရေး ခွဲခြားတဲ့ ဖြစ်ရပ် ၁၀၀ လောက်နဲ့ ရုရှား ဘောလုံးရာသီ ၂ ခုမှာ လူမျိုးရေး ခွဲခြားတဲ့ အပြု အမှုတွေကို မှတ်တမ်း တင်ထားပါတယ်။

ရုရှားမှာ လူမျိုးရေး ခွဲခြားမှု မရှိတော့ဘူးလို့ အသင်း ခေါင်းဆောင်ဟောင်း အဲလက်စ် စမာတင်က ပြောပါတယ်။

စမာတင်ဟာ ရုရှားမှာ ကမ္ဘာဖလားကျင်းပခွင့်ရဖို့အတွက် အောင်မြင်အောင် ကြိုးစားနိုင်တဲ့ သံတမန်တဦးလည်း ဖြစ်ပါတယ်။

စမာတင်ရဲ့ ပြောဆိုချက်ကို ကင်မရွန်းလက်ရွေးစင် အန်ဒရီဘစ်ကေးကတော့ စိတ်ဆိုးပါတယ်။ ရုရှားမှာ လူမျိုးရေးခွဲခြားမှုမရှိဘူးလို့ သူပြောပေမယ့် လူမျိုးရေး ခွဲခြားမှုက နေရာတိုင်းမှာ ရှိနေတယ်လို့ ပြောပါတယ်။

ဘစ်ကေးက လိုကိုမိုးတစ်မော်စကို ကလပ်အသင်းမှာ ကစားဖူးခဲ့သလို လုံခြုံရေး အတွက် ကိုယ်ပိုင်သေနတ်ကို ဆောင်ထားခဲ့ရပြီး မော်စကိုမှာ လူ ၇ ဦးလောက်က တိုက်ခိုက်တာကို ခံရဖူးတယ်လို့ သူက ပြောပါတယ်။

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/112649

No comments:

Post a Comment