၂၀၁၅ - ခုနှစ် စက်တင်ဘာလ (၁၉) ရက် နံနက် (၀၅း၄၀) နာရီ အချိန်ခန့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၂၈၁/၄ နှင့် ၂၈၁/၅ ကြား ရန်ကုန်မှ မန္တလေးသို့ (အသွားလမ်း) ၌ ယာဉ်မောင်း ဦးစောနီအောင်၊ (၄၉)နှစ် ၊(ဘ) ဦးအောင်ခင်၊ ၉/မနဘ (နိုင်) ၀၁၁၈၃၅၊ သာစည်လမ်း၊ ဌာနေ အရှေ့ရပ်ကွက်၊ အောင်မြေသာဇံ မြို့နယ်၊ မန္တလေးမြို့ နေသူ မောင်းနှင် လာသော ယာဉ်အမှတ်- 7G/3299 HAISE အမျိုးအစား ``မန်းရွှေမြို့တော်´´ စင်းလုံးငှါး ခရီးသည်တင် (ညိုမီးခိုးရောင်) မော်တော်ယာဉ်သည် အရှိန် မထိန်းနိုင်ဘဲ ရှေ့မှ ယာဉ်မောင်း ဦးသိန်းလွင်၊ (၄၂)နှစ်၊ (ဖ) ဦးသိန်းဖေ၊ ၉/လ၀န(နိုင်) ၀၇၃၂၅၆၊ ကြံခင်းရပ်၊ သာဝတ္ထိ ကျေးရွာ၊ လယ်ဝေးမြို့နေသူ မောင်းနှင်နေသော ယာဉ်အမှတ် 5H/8741 ISUZU (အဖြူရောင်) မော်တော်ယာဉ်၏ နောက်ပိုင်းအား ၀င်တိုက် မိခဲ့သော ယာဉ်မတော် တဆမှု ဖြစ်ပွားခဲ့ပါသည်။

မန်းရွှေမြို့တော် ယာဉ်ပေါ်တွင် ယာဉ်မောင်း အပါအ၀င် ကျား (၇) ဦး၊ မ (၁၀) ဦး၊ ပေါင်း (၁၇) ဦး အနက် မ (၁) ဦးမှာ နေရာတွင် သေဆုံးပြီး၊ ကျား (၄) ဦး၊ မ (၁၁) ဦး ဒဏ်ရာ ရရှိခဲ့ပြီး ISUZU ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ကျား (၁၂) ဦး၊ မ (၁၄) ဦး၊ ပေါင်း (၂၆) ဦးအနက် ကျား (၅) ဦး၊ မ (၈) ဦး ဒဏ်ရာ ရရှိ ခဲ့ပါသည်။
အခင်းဖြစ်ပွားရာ နေရာသို့ အမြန်လမ်းမကြီး ထိန်းသိမ်း ပြုပြင်ရေးနှင့် ကြီးကြပ်ရေး အဖွဲ့မှ လမ်းအပိုင်း တာဝန်ခံ အင်ဂျင်နီယာများ ၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ရဲမှူးကြီးနှင့် တာဝန် ရှိသူများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ကူညီရေး အသင်းအဖွဲ့များမှ အမြန်ဆုံးရောက်ရှိပြီး ဒဏ်ရာ ရရှိသူများအား ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ပြီး ယာဉ်ကြော ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြပါသည်။
အဆိုပါဖြစ်စဉ်အား သီးကုန်း အမြန်လမ်း ရဲတပ်ဖွဲ့ စခန်းမှ အရေးယူ ဆောင်ရွက်လျှက် ရှိပါကြောင်း သတင်း ရရှိပါသည်။
အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ ( Yangon-Mandalay Expressway )
Original link - https://www.facebook.com/ygnmdyexpressroad

No comments:
Post a Comment