Saturday, September 19, 2015

ခင်မင်မှုကြောင့် သရုပ်ဆောင် ဖြစ်သွားတဲ့ ယိင်းယိင်း




အနုပညာကို ဝါသနာ ပါသော်လည်း ပရော် ဖက်ရှင်နယ် အဖြစ် လုပ်သွားရန် အစီ အစဉ်မရှိ ကြောင်း နန္ဒစိုင်း၏ အမ်တီဗီတွင် ပါဝင် သရုပ်ဆောင် ပေးထားသည့် စိုင်းစိုင်းခမ်းလှိုင်၏ ညီမ ယိင်းယိင်းက ပြောသည်။


‘‘ကိုနန္ဒစိုင်းက အစ်ကိုလိုပဲ ဆိုတော့ သူ့အခွေ အတွက် အမှတ်တရလည်း ဖြစ်အောင် ကူညီတဲ့ အနေနဲ့ သရုပ်ဆောင် ပေးတာပါ’’ ဟု ၎င်းကပြော သည်။ ယိင်းယိင်းက မကြာမှီ ထွက်ရှိတော့မည့် နန္ဒစိုင်း၏‘တိုင်တည်တေး’ဒီဗီဒီတွင် သီချင်း တစ်ပုဒ် ပါဝင်သရုပ်ဆောင် ပေးထားခြင်း ဖြစ်သည်။

‘‘ကျောင်းတော်ကချစ်သူ’ ဆိုတဲ့သီချင်းလေးမှာ သရုပ်ဆောင်ထားတယ်။ အမျိုးသားမော်ဒယ်ကလည်း သူငယ်ချင်းပဲ။ ဒါရိုက်တာကလည်း သူငယ်ချင်းတွေပဲ။ အဲဒါကို စင်ကာပူကကျောင်းမှာ ရိုက်ထားတယ်’’ဟု ၎င်းကပြောသည်။

၎င်း၏အစ်ကို စိုင်းစိုင်းခမ်းလှိုင်ကဲ့သို့ အနုပညာကို ဝါသနာ ပါသောကြောင့် အနုပညာလှုပ်ရှား မှုများပြုလုပ် ချင်သော်လည်း အသက်မွေး ဝမ်းကျောင်း အနေဖြင့် ပြုလုပ်ဖြစ်မည် မဟုတ်ဟု ဆိုသည်။

‘‘ညီမက ဆရာဝန်ပါ။ လောလော ဆယ်တော့ သြစတြေးလျ တက္ကသိုလ် တစ်ခုမှာ သုတေသန တစ်ခု လုပ်နေပါတယ်’’ဟု ယိင်းယိင်းကပြော သည်။

By - ဇွဲဉာဏ်

Original link - http://www.7daydaily.com/story/46703

No comments:

Post a Comment