Saturday, September 19, 2015

Burmese Government Have Illusion Of Democracy


ရွေးကောက်ပွဲအတွက် လော်ဘီတွေရဲ့ အန္တရာယ်ရှိသောလှည့်ကွက်များ
၂၀၁၅ ရွေးကောက်ပွဲကြီးကျင်းပမယ့် အချိန်
တဖြည်းဖြည်း နီးကပ်လာချိန်မှာ မဲဆွယ်စည်းရုံးမှုရေချိန်တွေဟာလည်း တဖက်နဲ့တဖက်အပြိုင်မြင့်တက်လာပါတယ် ။ ဒီလိုမြင့်တက်လာချိန်မှာ တချို.လော်ဘီတွေရဲ့ လှည့်ကွက်တွေဟာ

ပြည်သူလူထုအချို.ကို ထင်ယောင်ထင်မှားဖြစ်အောင် ၊ မဲပေးမှားမှု ဖြစ်အောင်လုပ်ဆောင်လာတာတွေအများကြီးတွေ.လာရပါတယ် ။ ကျွန်တော်တို့ အသက်ရှင်နေထိုင်နေတဲ့ ပတ်ဝန်းကျင်က နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊ဘာသာရေးစတဲ့
ကဏ္ဍအသီးသီးမှာ လူတွေဟာ နေ့စဉ်နဲ့အမျှ အမျိုးမျိုးသောလှည့်ကွက်တွေကို (လှည့်ကွက်မှန်း သိ၍ (ဝါ) မသိဘဲ) အသုံးပြုနေကြပါတယ် ။ အဲဒီလှည့်ကွက်တွေအကြောင်း ကျွန်တော်ဒီနေ့ပြောချင်ပါသေးတယ် ။
လှည့်ကွက်တွေအကြောင်းမပြောခင် မျက်လှည့်အကြောင်းအရင်ပြောပါဦးမယ် ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျွန်တော် မျက်လှည့်ဆရာကြီး စက္ကောမ ဆီမှာ မျက်လှည့်ပညာ လက်လှည့်ပညာတွေသင်ခဲ့ဖူးပါတယ် ။ အားလပ်ချိန်တော်တော်များများလည်းဆရာကြီးဆီသွားပြီး ဆရာကြီးပြောပြတဲ့ လူ့သဘောသဘာဝ နဲ့ လှည့်ကွက်သဘောတရားတွေအကြောင်းအများကြီးလေ့လာဆည်းပူးမိခဲ့ပါတယ် ၊ ရှင်းရှင်း ပြောရရင်လှည့်ကွက်တွေကို မကောင်းတဲ့ဘက်မှာအသုံးချတတ်တဲ့ လူလိမ်တွေအကြောင်း ၊ လူလိမ်တွေရဲ့လိမ်နည်းတွေကို အများကြီးသိခဲ့ရပါတယ် ။ အခုအဲ့ဒီမျက်လှည့်ရဲ့
အခြေခံသဘောတရားတွေကို နိုင်ငံရေးလှည့်ကွက်ကြီးတွေအနေနဲ့အသုံးချလာတာ၊နိုင်ငံရေးတိုက်ကွက်တွေအနေနဲ့ အသုံးချလော်ဘီလုပ်လာတာတွေကို တော်တော်များများတွေ့လာမိပါတယ် ။
(တစ်)
ပထမဆုံးနာမည်ကြီး လော်ဘီတွေသုံးနေတဲ့ လှည့်ကွက်က မျက်လှည့်မှာသုံးတဲ့
(Miss direction) ဆိုတဲ့ လမ်းကြောင်းလွှဲအခြေခံလှည့်ကွက်ပါ ။ မျက်လှည့်ပညာမှာ မျက်လှည့်ဆရာတွေဟာ ပရိတ်သတ်ကိုသူတို.ပြမယ့်အရာတွေကို ဖုံးကွယ်ထားပြီး အခြားမဆိုင်တဲ့ အရာတွေနဲ့ မျက်စိလည်အောင် လမ်းကြောင်းအလွဲတွေပေးတတ်ပါတယ် ။ အခုနိုင်ငံရေးမှာရောဘယ်လိုလမ်းကြောင်းအလွဲတွေပေးနေသလဲ ဆိုရင်...
(၁)စစ်မှန်တဲ့ဒီမိုကရေစီရပြီးသယောင်လမ်းကြောင်း လွှဲပါတယ် ။
(၂) တရားမျှတတဲ့ရွေးကောက်ပွဲကြီးပုံစံနဲ.လမ်းကြောင်းလွှဲပါတယ် ။
ရှင်းပါဦးမယ် ။
ဒေါ်စုက လူကိုမကြည့်နဲ့ ပါတီကိုပဲ ကြည့်မဲပေးပြောတော့ သူတို့ကဒီမိုကရေစီစနစ်ဆိုတာ လူကိုမရွေးချယ်ရဘူးလား ဆိုပြီး မသိနားမလည်တဲ့သူတွေကို ဒီမိုကရေစီစနစ်ရပြီးသယောင် ၊ ဒေါ်စုကပဲ အာဏာရှင်ဆန်ဆန်မဲဆွယ်သယောင် ဖန်တီးပြီး စစ်မှန်တဲ့ ဒီမိုကရေစီမရသေးဘူးဆိုတာကို ပြည်သူတွေ မေ့ပြီး ၊ ဒီမိုကရေစီပဲ ကိုယ်ရွေးချင်တာရွေးမှာပေါ့ဆိုတဲ့ ဦးတည်ချက်တွေမှားယွင်းအောင်လုပ်ဆောင်တဲ့ တိုက်ကွက်ပါ ။
နောက် တိုင်းရင်းသားပါတီတွေကို မဲပေးရမယ်ဆိုတာနဲ့ လမ်းကြောင်းလွှဲပြန်ပါသေးတယ် ။
လော်ဘီက တခါမှအားမပေးဘူးတဲ့ တိုင်းရင်းသားပါတီတွေကို အပြင်းအထန်အားပေးလာပြီး NLDမဲမရအောင် အပြင်းအထန်တိုက်ခိုက်လာပြန်ပါတယ် ။ ဒါလည်းအဓိက လမ်းကြောင်းနဲ့လွဲအောင်လုပ်တဲ့ လှည့်ကွက်တစ်ခုပါ ။
သူတို့က ဒီမိုကရေစီ နဲ့ မညီလို့ထောက်ပြနေတာမဟုတ်သလို ၊ တိုင်းရင်းသားတွေအားပေးချင်လို့လည်းမဟုတ်ပါဘူး ၊ အဓိကမြှုပ်ထားတာက ၊ သူတို့ဖုံးကွယ်ထားတာက လွှတ်တော်ထဲမှာ နေရာယူထားပြီးသား ၂၅ကျပ်သားရယ် ၊ သူတို့ကြံ.ဖွံ.က နည်းအမျိုးမျိုးနဲ့ ၂၆ ရာခိုင်နှုန်းရအောင်လုပ်ပြီး စစ်တပ်ကျောထောက်နောက်ခံရှိတဲ့အစိုးရဖန်တီးပြီး စစ်မှန်တဲ့ အရပ်သားအစိုးရတစ်ရပ်ပေါ်လာမှာကို ဆက်လက်တားဆီးမယ့်အစီအစဉ်ပါပဲ ။
အခုဒီမိုကရေစီနည်းအရ ကိုယ်ပေးချင်တာပေးရမယ်ဆိုတဲ့ ဆရာကြီးတွေတော်တော်များများနဲ့ ၊ နောက်ပြီး ငါကတိုင်းရင်းသားမို့တိုင်းရင်းသားပဲပေးမယ်ဆိုတဲ့သူတွေကို ပြောပြချင်တာက
စစ်မှန်တဲ့ ဒီမိုကရေစီမရသေးပါဘူး ၊ နောက်တချက်က ရွေးကောက်ပွဲဟာလည်း စစ်မှန်တဲ့ရွေးကောက်ပွဲဖြစ်ဖို့ မဖြစ်ဖို့မသေချာသလောက် ၊ မဲခိုးမဲလိမ်ဖို့လုပ်မယ့် အရိပ်ယောင်တွေလည်းအများကြီးတွေ့နေရတယ်ဆိုတာပါပဲ ။
ဒီတော့သူများတွေလမ်းကြောင်းလျှောက်လွှဲတဲ့နောက်လိုက်ယုံစားပြီး ထင်ရာမဲပေးမိရင် လက်ရှိအစိုးရကဆက်လက်အုပ်ချုပ်မယ် ။ပြည်သူ့ ဆန္ဒမပါတဲ့ ၂၀၀၈ ဖွဲ.စည်းပုံထဲက ပြင်သင့်တာတွေလည်းမပြင်ဖြစ်နိုင်သလို ၊ ၂၅ ကျပ်သားကလည်း လွှတ်တော်ထဲအမြဲရှိမယ် ၊ နောက်နောင်များစွာလာမယ့် ရွေးကောက်ပွဲတွေလည်း ဒီလိုပဲ ခများတို့ကျွန်တော်တို့ကို ဒီမိုကရေစီအရ ရွေးချင်ရာရွေးပြောမယ် ၊ ပြီးရင်မဲခိုးမဲလိမ်တာတွေဆက်လုပ်မယ် ၊ အစိတ်သားနဲ့ပေါင်း အစိုးရဖွဲ.ပြီး ဒီမိုကရေစီ နာမည်ပြ စစ်တပ်အုပ်ချုပ်ရေးကိုအစဉ်အဆက်ဆက်လုပ်ချင်တဲ့ ကလိမ်ကကျစ်ဉာဏ်တွေပါပဲ ။
လော်ဘီတွေ ချမပြရဲဘဲ နောက်ကွယ်မှာဖုံးကွယ်ထားတာလည်း ဒီအချက်တွေပါပဲ ။ NLD ပါတီအနိုင်ရလာရင် အစိုးရဖွဲ.နိုင်ခဲ့ရင်စစ်မှန်တဲ့အရပ်သားအစိုးရဖွဲ.ပြီး နောက်လာမယ့်ရွေးကောက်ပွဲတိုင်းမှာ ဒီမိုကရေစီနည်းကျကျစစ်စစ်မှန်မှန်ကိုယ်ကြိုက်ရာတွေကို ရွေးချယ်နိုင်တော့မှာပါ ။ အခုတစ်ကြိမ်မှာတော့ စစ်အစိုးရကိုဖယ်ရှားပြီး စစ်မှန်တဲ့ဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်တဲ့ အင်အားရှိတဲ့ပါတီဟာ NLD ကလွဲလို့မရှိပါဘူး ။ ဒီတော့ အများပြောနေတဲ့ ဒီမိုကရေစီနည်းကျဆိုတာ အခုအချိန်မှာလုံးဝမဖြစ်နိုင်ပါဘူး ၊ ဒီမိုကရေစီနည်းကိုအရင်ချပေးမယ့် လူကိုမဲပေးရမှာပါ ။ ဒီမိုကရေစီနည်းကို အရင်ခြေခြေမြစ်မြစ် ပုံစံချပြီးမှသာ ဒီမိုကရေစီ နည်းကျကျမဲပေးနိုင်မှာဖြစ်ကြောင်း လမ်းကြောင်းအလွဲတွေနောက်လျှောက်လိုက်နေတဲ့ သူတွေကိုသတိပေးလိုက်ရပါတယ် ။
အခြားအမျိုးမျိုးသော ( Miss direction) လှည့်ကွက်တွေကိုလည်း ဆက်လက်ကြည့်တတ်ရင်မြင်နိုင်မှာပါ ။ ဥပမာ ၅၉(စ) ပြင်မယ်လုပ်နေချိန် ခေါင်းလောင်းဆိုပြီး နာမည်ကြီးအောင်ထလုပ်တာ ၊ ဦးနေဝင်း လက်ထက်မှာလည်း ဆန်သယ်ယူမှုတားမြစ်လို့ လူတွေငတ်ပြဿနာတွေတက်တော့ တရုတ်မြန်မာအဓိကရုဏ်းဖန်တီးတာ အစရှိတဲ့ လမ်းကြောင်းလွှဲလှည့်ကွက်တွေအများကြီးမြင်လာနိုင်မှာပါ ။
(နှစ်)
နောက်မျက်လှည့်မှာ အသုံးများတဲ့ အခြေခံပြကွက်က (Point ) ထုတ်တယ် တနည်း
(Highlight ) လုပ်တယ်ဆိုတဲ့ပြကွက်တစ်မျိုးပါ ။ ဒီနည်းကို ရိုးရိုးရှင်းရှင်း ဥပမာပေးရရင်
လူတယောက်ရှေ.မှာ လက်ညိုးနှစ်ချောင်းထောင်ပြပြီး လက်ဘယ်နှစ်ချောင်းရှိလဲ မေးရင် ၊
၉၉ရာခိုင်နှုန်းဟာ နှစ်ချောင်းလို့ဖြေကြပါတယ် ။ အောက်မှာကွေးနေတဲ့ လက်သုံးချောင်းမမြင်နိုင်တော့ဘဲ အပေါ်မှာထောင်ထွက်နေတဲ့လက်နှစ်ချောင်းကိုသာမြင်ပြီး မေးတဲ့မေးခွန်းလည်းသေချာ
မစဉ်းစားနိုင်တော့ဘဲ အမြင်တွေလွဲချော်သွားစေတဲ့ နည်းပါ ။
ဒီနည်းကို ဘယ်မှာသုံးနေသလဲဆိုရင် အခုခေတ်စားနေတဲ့ " အမျိုးဘာသာသာသနာဆိုတာ " အဲဒီလို Point ထုတ်ထား၊ Highlight လုပ်ခံထားရတဲ့အရာပါ ။ အဲဒါကြောင့် ထမင်းကြမ်းနဲ့ငပိစားရရင်နေပါစေ ၊ အမျိုးဘာသာအပျောက်မခံနိုင်ဘူး ၊ စစ်အစိုးရအုပ်ချုပ်လည်းရတယ် အမျိုးဘာသာ အပျောက်မခံနိုင်ဘူးဆိုပြီးဖြစ်အောင် အလုပ်ခံထားရတာပါ ။ ထင်ရှားအောင် ထုတ်ပြထားတဲ့အရာလေးပဲမြင်ပြီး အခြားဆက်စပ်တွေးတောသင့်တဲ့အရာတွေ မြင်သင့်တဲ့အရာတွေအကုန်ပိတ်သွားအောင် ထုတ်ပြခြင်းခံရတာပါ ။ ဒီလိုခံရတဲ့အထဲမှာ ဆရာတော်ကြီးတွေနဲ.စာတတ်ပေတတ်ရဟန်းသံဃာတွေအများကြီးပါပါတယ် ။ ဆရာတော်တွေနဲ့ ရဟန်းတော်အများစုဟာ ဗုဒ္ဓ
စာပေပတ်ဝန်းကျင်မှာသာအနေများပြီး ရိုးသားဖြူစင်ကြတော့ ရှင်းရှင်းပြောရရင် ပိုပြီးတော့ လိမ်လို့ကောင်းပါတယ် ။ ပြီးတော့တချို.ပြောတာရှိပါသေးတယ် ဆရာတော်ကြီးတွေသီလသမာဓိပညာဆိုတာကိုပါ ၊ မှန်ပါတယ် ဆရာတော်ကြီးတွေသီလသမာဓိပညာရှိပါတယ် ၊ သို့သော် သီလသမာဓိတွေက လူလိမ်တွေနည်းကို မသိနိုင်ပါဘူး ။ ဒီတော့အလိမ်ခံရနိုင်ပါတယ် ။
အခု လော်ဘီတွေလိမ်နေတဲ့ အကွက်က အမျိုးဘာသာသာသနာဆိုတာကို ပေါ်လွင်အောင်ထုတ်ပြတယ် ၊ ပြီးတော့ဘာသာသာသနာကို တကယ့်ညစ်နွမ်းအောင်လုပ်နေတဲ့အစိုးရကို ဖုံးကွယ်ထားပြီး မဆိုင်တဲ့ အတိုက်အခံ NLD ကို
လမ်းကြောင်းလွှဲပြီးအပြစ်ပုံချတဲ့အကွက်တွေပါ ။ အမျိုးဘာသာသာသနာကို အကြောင်းပြမဆီမဆိုင်တိုက်ခိုက်လို့ NLD ပြိုလဲခဲ့ရင် ပြည်သူတွေကိုစစ်ကျွန်သက်တမ်းပိုရှည်အောင်လုပ်ဖို့ရည်ရွယ်ရင်းပါ။ မျက်လှည့်မှာအဆင့်မြင့်ပြကွက်တွေဆို အခြေခံသဘောတွေ တစ်ခုထက်ပိုတာတွေ အများကြီးရောထားသလို ဒီဟာကလည်း နှစ်မျိုးရော ထားတယ်လို့မြင်နိုင်ပါတယ်။
အခုဆိုရင် ရဟန်းတော်တွေအပါအဝင် ဘက်ပေါင်း
စုံ ဒေါင့်ပေါင်းစုံကနေမစဉ်းစားတဲ့ သူတော်တော်များများဟာ လော်ဘီတွေရဲ့လှည့်ကွက်တွေထဲ ဝဲလည်နေပြီး အရေးကြီးဆုံးဖြစ်တဲ့ စစ်အစိုးရပြုတ်ကျပြီး အရပ်သားအစိုးရစစ်စစ်ဖြစ်ဖို့ရယ် ၊ တရား
ဥပဒေစိုးမိုးမှုရှိမှ အမျိုးဘာသာသာသနာကို ကာကွယ်နိုင်မယ်ဆိုတာရယ် ၊ စီးပွားရေးဖွံ.ဖြိုးတိုးတက်မှုရှိမှ နိုင်ငံတိုးတက်မှသာ အမျိုးဘာသာဟာတောက်ပနိုင်မယ်တိုးတက်နိုင်မယ်ဆိုတာကို လုံးဝမမြင်တော့ပါဘူး ။ အတင်းဇွတ်မျက်စိမှိတ်ပြီး အမျိုးဘာသာသာသနာအော်မယ် ၊ ပြီးတော့ အခြားအရာတွေနဲ့ဆက်စပ်နေတဲ့
အကြောင်းအရာတွေရှင်းပြရင် အမျိုးဘာသာကို အဓိကမထားလို့ဆိုပြီး သစ္စာဖောက်တို့ကုလားအားပေးဆိုပြီး သမုတ်မယ်ဆိုတာမျိုးတွေများလာပါတယ်။
ဒီတော့ အမျိုးဘာသာကာကွယ်မယ်ဆို ဥပမာပေးရရင် ပျက်ဆီးယိုယွင်းနေတဲ့ ပြိုအံ့ဆဲဆဲအိမ်တစ်အိမ်မှာ အိမ်ခေါင်းရင်းက ဘုရားစင်လေးပဲရွေးပြီး ပြန်လည်တည်ဆောက်လို့မရပါဘူး၊အိမ်ခြေအိမ်နံရံအိမ်အမိုးအကုန်ခိုင်မာအောင်တည်ဆောက်နိုင်မှ ဘုရားစင်လည်း သူနေရာနဲ့သူတင့်တင့်တယ်တယ်သပ္ပါယ်နိုင်မှာပါ ၊ မဟုတ်ရင်အိမ်ပြိုရင်ဘုရားစင်တစ်ခုတည်းကွက်ကျန်မနေခဲ့ပါဘူး ၊ အကုန်လိုက်ပြိုမှာပါ ။
ဒီတော့ ထုတ်ပြထားတဲ့ အမျိုးဘာသာသာသနာလေးပဲမြင်နေတာရပ်ပြီး အခြားအရေးကြီးတဲ့
နိုင်ငံတည်ဆောက်ရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာတွေလုပ်ဖို့အရေးကြီးတဲ့အရာတွေကိုမြင်တတ်ကြပါလို့ သတိပေးချင်ပါတယ် ။
(သုံး)
နောက်လှည့်ကွက်တစ်ခု အနေနဲ့ပြောပြချင်တာက
(Color trick) လို့လည်းခေါ်တဲ့ အရောင်တွေနဲ့ ရောထွေးအောင်လုပ်တဲ့ လှည့်ကွက်တွေပါပဲ ။
လူတော်တော်များများ က အကြောင်းအရာတွေကို တလွှာချင်းခွဲထုတ်ပြီး သုံးသပ်တဲ့သူတော်တော်
နည်းပါးပါတယ် ။ မျက်စိရှေ.မှာ အဝါရောင်ပုဝါလေးပြပြီး လက်ထဲကို ထိုပုဝါပုံစံအရောင်တူတစ်ခုခုထည့်ပေးလိုက်ရင် ဘာမှန်းသေချာမကြည့်တော့ဘဲ အဝါရောင်မြင်တာနဲ့ ခုနကပုဝါအဝါဆိုပြီး အသေအချာကိုဆုပ်ကိုင်လိုက်တဲ့သူကများပါတယ် ။ ဒီလိုရောရောထွေးထွေးရောချတဲ့ပြကွက်တွေကို လော်ဘီလုပ်နေတဲ့သူတွေသုံးတာတော်တော်များပါတယ် ။
ဥပမာ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှကိုယ်စားရတာ မထူးဘူးဆိုတဲ့ အမြင်မျိုးကိုလော်ဘီလုပ်တာဟာ ခုနကနည်းပါပဲ ။ အစိုးရဆိုတဲ့အရောင်ချင်း တူပေမယ့် အမျိုးအစားမတူပါဘူး ။
နောက် နာမည်ကြီးအွန်လိုင်းလော်ဘီတစ်ယောက်သုံးနေတဲ့ပုံစံဆိုရင် ဒေါ်စုတို့အစိုးရတက်လာလည်း တိုင်းပြည်ကချက်ခြင်းကောင်းသွားမှာမဟုတ်ဘူး ၊ ဒီလိုပဲပြဿနာတွေတက် ၊ ဆန္ဒတွေပြ ၊ အဲ့ကျကျောင်းသားတွေသံဃာတွေဖမ်းဆီးဦးမှာပဲဆိုတဲ့ ပြကွက်ကိုသုံးလော်နေတာတွေ့ရပါတယ်။အောက်က ရွှေပွဲလာပရိတ်သတ်တွေကလည်း အစိုးဖြစ်တယ်ဆိုတဲ့အရောင်တူတာပဲမြင်ပြီး ရပ်တည်ချက်မတူတာကိုမမြင်နိုင်တော့ပါဘူး ။ ဒါကိုတမျိုးဆီခွဲရှင်းထုတ်ပြရရင် ဒေါ်စုနဲ့ NLD ပါတီရဲ့ကျောထောက်နောက်ခံနဲ့ လက်ရှိအာဏာရပါတီရဲ့နောက်ခံကမတူပါဘူး ။ NLD ပါတီရဲ့နောက်ခံက
ပြည်သူလူထုပါ ၊ဒီတော့သူတို.ပြောသလို့ ဒေါ်စုတို့ကမကောင်းရင် ပြည်သူလူထုထောက်ခံမှုမရှိတော့ဘဲအလိုလိုပျက်သုန်းသွားမှာပါ၊စစ်တပ်ကျောထောက်နောက်ခံပါတီကတော့ မရမက ကလိမ်ကကျစ်နည်းပေါင်းစုံသုံးပြီး ပြည်သူကျေနပ်နပ်မနပ်နပ် မျက်နှာပြောင်တိုက်ရပ်တည်ဖို့ကြိုးစားနေတာပါ ။ ဒီလိုကွာခြားတဲ့အတွက် NLD ပါတီအနိုင်ရလာရင် လက်ရှိအာဏာရအစိုးရလိုပြည်သူ့မျက်နှာမထောက်ထင်တိုင်းကြဲလိုမရပါဘူး ။ ကြဲရင် ၅နှစ်ပြီးအလိုလိုပြုတ်ကျသွားမှာပါ ။
ဒါက အရောင်တူပေမယ့် (Issue) အကြောင်း
ချင်းရာနဲ့ ပုံစံမတူတာကိုခွဲထုတ်ပြတာပါ ။ ဒီတော့ဦးသိန်းစိန်အစိုးရဖြစ်လို့ ပြဿနာတက်တဲ့အခါ မဖြေရှင်းတတ်လို့ " ကျောင်းသားလေးတွေရိုက်လို့ ပြန်ရိုက်ရပါတယ် " ပြောတိုင်းဒေါ်စုကလိုက်ပြောမယ်လို့ပြောနေတာကတော့ တမင်ရှုပ်ထွေးအောင်လော်ဘီလုပ်ချင်းသာဖြစ်တယ်လို့ ပြောပြချင်ပါတယ် ။
နောက်ဦးသိန်းစိန်ဦးဆောင်တဲ့ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ပါတီနှစ်ခုကြားမှာရှိတဲ့ ကွာခြားချက်အကြီးကြီးက ဦးသိန်းစိန်ပါတီက
စစ်သားလူထွက်တွေဟာ နိုင်ငံဘဏ္ဍာတွေကို
ကိုယ်ကျိုးရှာစားထားတဲ့သူတွေကြီးပါပဲ ၊ ဒီတော့ တိုင်းပြည်တိုးတက်ရေး လုပ်ငန်းတွေလုပ်တိုင်း ကိုယ်ကျိုးစီးပွားကိုမူတည်တဲ့မူဝါဒတွေသာ
ချမှတ်ပြီး လုပ်ဆောင်ပါတယ် ။ နောက်
ကိုယ်ကျိုးစီးပွားကိုထိခိုက်လာမယ့် အဆိုတင်သွင်း
ချက်တိုင်းကို ကိုယ်ကျိုးစီးပွား အတွက်
ပယ်ချတာကြီးပါပဲ ။ ဒါကြောင့် NLD ပါတီနဲ့ အာဏာရအစိုးရဟာပုံစံမပြောပါနဲ့ အရောင်ချင်းတောင်မတူပါဘူး ။ ဒီတော့လော်ဘီတွေရဲ့ရောရောထွေးထွေးဝါဒဖြန့်မှုတွေကိုရောယောင်ပြီးအဟုတ်မှတ်မနေပါနဲ့ ၊ စစ်ကျွန်သက်ရှည်ဖို့လမ်းတွေကြီးသာဖြစ်ပါတယ်လို့ ရှင်းပြချင်ပါသေးတယ်။
(လေး)
နောက်အများအားဖြင့်သုံးနေတဲ့ နောက်တစ်
နည်းက ( illusion ) လို့ခေါ်တဲ့ထင်ယောင်ထင်မှားအမြင်မှားအတွေးမှားတွေဖြစ်အောင်လုပ်တာပါ ။ မျက်လှည့်ပညာမှာဆို အရောင်တွေ၊မီးတွေ၊ပုံစံအမျိုးမျိုးပစ္စည်းတွေအရာဝတ္တုတွေကိုသုံးပြီး အလင်းအမှောင်သဘောတရားတွေနဲ့ လူ့မျက်စိအမြင်ကိုလှည့်စားတဲ့
သဘောတရားပါ ။
ဥပမာထင်ထင်ရှားရှားပြရရင် The Voice ကနေ ဒေါ်အောင်ဆန်းစုကြည် က ဆရာတော်တွေကိုလက်အုပ်ချီတာကို ဗလီဆရာတွေကို
ကန်တော့ နေဟန် လိုရာလေးဖြတ်ညှပ်ကပ်ပြီး လူတွေအထင်အမြင်လွဲမှားအောင် လုပ်တာအဲဒါ အမြင်ရောထွေးစေတဲ့ (illusion)ပါပဲ နောက်
ဒေါ်စုသားအကြီးသူ့ဘာသာမုတ်ဆိတ်မွှေးထားတာကိုလည်း ကုလားဖြစ်ပြီဆိုပြီးပြောတာမျိုးတွေ ၊ ဆရာတော်ဦးဝီရသူကိုယ်တိုင် ဟိန္ဒူဗုဒ္ဓဘာသာ ဒေါ်စုကားမောင်းသူကို အဲဒါ ကုလား ၊ မွတ်ဆလင် ၊ ဆိုပြီး (ယဉ်ယဉ်ကျေးကျေးပြောရင်) မုသာဝါဒ ၊ (အရပ်ပြောပြောရင် ) ကလိမ်ကကျစ်ကျတာလည်း အဲဒါ ထင်ယောင်ထင်မှား ဖြစ်စေအောင် အမြင်မှားယွင်းအောင်လုပ်တဲ့ နိုင်ငံရေး အောက်လုံး ( illusion ) တွေဖြစ်ပါတယ် ။
ဒီတော့အားလုံးကို ရိုးရိုးရှင်းရှင်းပြောချင်တာက ခများတို့မျက်လုံးနဲ့မြင်တဲ့အရာတိုင်းဟာ မှန်မနေပါဘူး ။ " ငါ့မျက်လုံးနဲ့တပ်အပ်မြင်တာတို့ ၊ ငါ့ရှေ.မှာဖြစ်သွားတာကွ ၊ အဲဒါအမှန် " လို့ပြောတိုင်း မျက်လှည့်ပညာရှင်တွေနဲ့ မျက်လှည့်
သဘောတရားကိုနားလည်တဲ့ သူတွေက ခများတို့ကိုပြုံးပြုံးကြီးကြည့်နေတယ်ဆိုတာ
မမေ့ပါနဲ့ ။ မျက်လုံးနဲ့မြင်တာပဲ ၊ မုတ်ဆိတ်ပါကုလားပဲ ၊ အသားမဲကုလားပဲလုပ်နေသ၍
ကတော့ ခများတို့တသက်လုံးသူများလိမ်တာခံနေရမှာပါ ။ ဒီတော့နိုင်ငံရေးအောက်လုံးမှာသုံးနေတဲ့ (illusion) သဘောတရားတွေကိုလည်း သဘောပေါက်ပြီး အကြောင်းအရာကိုသေချာ ဂဃနဏသိအောင် လုပ်ကြပါ ။
ဒီအကြောင်းအရာတွေကတော့ နိုင်ငံရေးမှာအသုံးပြုနေတဲ့ ( Tricks ) လို့ခေါ်တဲ့လှည့်ကွက်တွေပါပဲ ။ ဘယ်အရာမဆိုကောင်းတဲ့ဖက်မှာအသုံးပြုရင်ကောင်းတာဖြစ်ပြီး မကောင်းတဲ့ဖက်မှာအသုံးချရင် မကောင်းတဲ့အရာပါပဲ ။အခြားနည်းတွေကိုလည်းနောက်အလျဉ်းသင့်သလိုဖော်ပြပါ့မယ် ။ အခုလော်ဘီတွေသုံးနေတဲ့ တိုက်ခိုက်နည်းတွေဟာ အခုပြောပြထားတဲ့အချက်တွေထဲကမလွတ်ပါဘူး ၊ ဒီနည်းတွေကိုပဲအမျိုးမျိုးလှည့်ပတ်သုံးပြီး အာဏာရှင်သက်ဆိုးရှည်အောင်ကြံဆောင်နေကြတာပါ ။ ဒီတော့ ရိုးသားတဲ့ပြည်သူတွေအမြင်မှား၊အထင်မှား၊အတွေးမှားတွေမဖြစ်အောင် သိပြီးသားသူတွေကတတ်နိုင်သမျှ ဖြေရှင်းပေးကြပါ ၊ ဖော်ထုတ်ပေးကြပါ ။ အတွေးအမြင်အမှန်တွေကိုချပြပေးကြပါ ။ဒီလိုမဟုတ်ဘဲ ကိုယ်ထင်ရာကိုယ်စိုင်းခဲ့ရင်ဖြင်တော့ စစ်မှန်တဲ့ဒီမိုကရေစီမဟုတ်ဘဲ အောက်ကပြထားတဲ့ပုံအတိုင်းကျွန်တော်တို့သားစဉ်မြေးဆက်တွေဟာ ဒီမိုကရေစီ အမည်ခံ အာဏာရှင်စနစ် လက်အောက်မှာ နှစ်ပေါင်းများစွာဆက်လက်ဒုက္ခခံရမယ်ဆိုတာလည်းသတိပေးချင်ပါတယ်ခမျာ။ဒီတော့ စစ်မှန်တဲ့ဒီမိုကရေစီစနစ်တခုတည်ဆောက်ဖို့ NLD ပါတီကိုဝန်းရံပေးကြပါလို့ နှိုးဆော်တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ရပါတယ် ။






*******************************

Translator English

*************************************************************



Lobby for the election of the dangerous tricks
Time's 2015 election
Gradually close campaign level are higher in parallel with each other tomorrow.This rise comes some. Lobby tricks
Fresh public. To make an illusion,And have seen a lot of work to make a vote..Sitting living environment of political, economic, social, religious,
People daily in different sectors and various tricks (tricks even knowing (a) ignorance) are used.About these tricks ပြောချင်ပါသေးတယ် today.
Tricks about his throat before turning to anger.2 years ago, we present students have turned to anger, anger turned to hand you've been turned.Go to a lot of free time teachers tell students about the concept of human nature and tricks was learning a lot,Clear terms that often use tricks bad side လူလိမ်တွေလူလိမ်တွေ's had a lot of low-lying.The legerdemain
The basic concept of using large political tricks from political တိုက်ကွက် should use lobby I found a lot since.
(A)
The first famous lobby using tricks Magic had used
(Miss direction) diverted the basic tricks.Legerdemain fans are turning their anger. Has not really hide things with other things not related မျက်စိလည်အောင် route turns better.Politics being turned what route did you ...
(1) true and a false path from democracy.
(2) free and fair elections yet. Diverted.
.
Obama said democracy and vote for the same party saying that they do not choose what I think the people who do not understand democracy and so,Obama seem authoritarian campaign to create what true democracy yet people hesitate to defy convention,Would want to choose the democratic choice are wrong တိုက်ကွက်.
Ethnic vote once diverted.
Does not lobby never come to give serious ethnic party votes to prevent severe attack again.D make it the main road and turn a trick.
They are not democratic and is not a point I,Does not want to encourage ethnic,The main idea to bury it,25 have already begun to hide their parliament titanium laugh ကျပ်သားThey thought. Development. 26 percent of the then military-backed government, so in different ways to create a genuine civilian program will continue to appear at a stop.
This democracy must be what I want to give many big,In addition, ethnic minority because I want to tell those who would
Genuine democratic gains,Another election is not to be genuine ရွေးကောက်ပွဲဖြစ်ဖို့ Probably,Power rigging the vote to many shades that would make me see a lot of angles.
So follow along those lines from a confidence vote after I will continue when the current rule. People desire to 2008 without stems. Line should also be in the picture,25 ကျပ်သား said Parliament would alwaysThe future for many of the coming elections, and choose what we want to choose the democratic say,Then power rigging the vote should proceed,And government groups. Name you want to successive military rule to democracy ကလိမ်ကကျစ် memory device.
Behind the lobby did not designed to hide this stuff.NLD party if the stems. Winner genuine civilian groups. Each next election democratic and truly be able to choose favorites.Now, once removed can implement genuine democratic regime except for the powerful party, the NLD.So much democratic is now completely impossible,Democracy must vote for the man's first infusion.Democratic form thoroughly before and then not be able to vote in a democratic way through traffic to remind those who are turned away from me.
Other various (Miss direction) tricks to spend more visible.For example, 59 (f) ပြင်မယ် famous bell, while I do,Under Ne Win's ban on transporting people starve problems such as riots in China will create traffic diversion will be able to see a lot of tricks.
(2 years)
The Magic have a common basic display (Point) Stand Again
(Highlight) did a scene.THIS simple example, if we
A man of gold. Hand two နှှစ် stick up a hand dealt ask,
Two 99%.Bent over a three-finger no longer visible under two thousand ထွက်နေတဲ့ only sees certain specific မေးခွန်းလည်း
I can not think of how to missed views.
Where this method does now popular "သာသနာဆိုတာ" Point this bounty,Highlight been made.This rough rice and Spanish matter စားရရင်Lost of knowing,Lost of military rule has been working to make change out a few times.Which appeared shortly dentists have seen other things related to the end of what you think you see things being closing statements to make.Among these victims feel beautiful. A lot of monks.Most of the abbot and monks and Buddha
Increasing literature from around longer ရိုးသားဖြူစင် more turbulent twisting.And then some. There just to say what moral integrity,Yes, I feel moral integrity,However, the moral integrity လူလိမ်တွေ unknown.So အလိမ်ခံရ.
The lobby lies a box of what religion tragic statements,Ordering a dingy အောင်လုပ်နေ concealed and not related to the government and the opposition National League
Blame diverted box.If the fall of the National League for ordering attacks may break people largely remain in military aim is to make long-term.Magic had a higher basic Brandy scenes are much more than just these two has the same view.
Now a lot of cases all
Canada's consider all of the many who lobby twist to the left to go are the most important to be a genuine civilian government after the fall of the regime too,Law
The rule of law depends on the religion would protect me,Economic development. Development to developing countries depends on what we can improve the brightness can not completely မမြင်တော့ပါ.Trying to force မျက်စိမှိတ်ပြီး religion အော်မယ်In connection with other things
Does not explain the content of the main screen for a traitor and called to encourage well.
So kind of religion does not protect any illustrate get even destroyed deteriorating living parallel imminent house one house house head that God can dentists choose rebuilt because it can not, the house foot home wall house roof end strengthening one can build from the gods can also place and he peace magnificent one neat picture can at,Otherwise, the only pure virgin land, and the other did not,At the young end.
So shortly religion standing dentists see other important
State reform'd like to see the things that are important to keep.
(Three)
Want to tell a twist
(Color trick), also known as mixed colors trying to turn a plot device.
Many things many consider a separate form
Low.Front of their eyes. Yellow towel hands add something like the form of the color yellow does stop causing certain မြင်တာနဲ့ just the most carefully when he held out.This confusion lobby scenes are working very likely.
For example, on behalf of the government cleaned ကိုယ်လုပ်မှ I do kind of attitude-view lobby hours.The government of the same color, but different.
Another popular form of using an online lobby Daw Suu government took the country will not immediately,The same problems,Desires,Arrested monks who were then students at three local bed scenes. Below is the color of gold at an over fans could have seen different stand no longer visible.If this one shortly NLD Obama-backed ruling party had different backgrounds.NLD party background
Public, so they. Daw Suu is no good public support itself will be annihilated, and force the military-backed ပါတီကတော့ ကလိမ်ကကျစ် means to satisfy the people using meal meal meal I'm trying to stand audaciously.This is because different face of the party if the ruling government to win public support, I can not sow တိိုင်း.5 years after sowing the fall itself.
Although this is the same color (Issue)
Separate and different forms.It does not solve the problem because the Thein Sein "school macro can be beaten back," she would say is the deliberate confusion lobby runs.
The party led by Aung San Suu Kyi, Thein Sein big difference between the two parties, led by U party
Soldiers are national treasures
Those seeking,So, the commercial development of the country self-based economic policies
Adopted.Next
Proposes will not affect the economic self-interest
And exploitation
Was rejected.The NLD party form of government power being different color Chin.So the lobby of confusion propaganda has been swelled Yes,Road rationale is explained.
(Four)
Usually used next
(Illusion), a perception illusion are trying to do the wrong track.Legerdemain colors, lights, and various types of devices using the thing with the concept of light and dark view of human eyes deceive
Concept.
For example, if to demonstrate her from The Voice monk mosque Absolutely fabulous
Seems to me from my work Scrapbooking misunderstandings people's view, a mix (illusion)
Obama was his beard and hair design and make sure I say something,Obama Buddhist monk Wirathu own Hindu driver's Indians,Muslim,I (politely say) lie,
 
 
 
 
 
 

 





























No comments:

Post a Comment