Thursday, September 3, 2015

What is Meaning Shwe Yin Kyaw ?


The Meaning of Shwe Yin Kyaw is
Shwe Yin Kyaw = Gold,
Eiksataya= Get whatever one wishes for,
Ma Hade De= Huge glory,
Say= Shwe Yin Kyaw’s Masters are empowered by Saints of Sywe Yin Kyaw to quell Ghosts and eveils,
Gai Daw Gyi =Holy Gang. .

ရွှေရင်ကျော်ပညာသည် လောကီအထက်လမ်း မဟာဂန္ဓာရီဝိဇ္ဇာပညာရပ် ဖြစ်ပါသည်။ 

ပညာ ၂ ဆင့် မှ စ ၍ ပယောဂ အပေါင်း အဆိပ် အပေါင်း ကို လှန်ပြန်နေ အောင် ကုသ နိုင်သော ပညာ ရပ် ဖြစ်ပါသည်.
အဓိ က အရေးကြီးသော သစ္စာ သုံးချက် စောင့်ထိန်း ခြင်း ဖြင့် စေပိုင်အာဏာ ပိုင် ရစေကာ မိမိ လိုအပ် သလို တောင်းတနိုင် သော လိုတရ မဟာဂန္ဓာရီဝိဇ္ဇာပညာရပ် တစ်မျိုးဖြစ်ပေ သည်.

ပယောဂဝေဒနာကြောင့် လူသားတို့ ဒုက္ခခံစားရပုံမှာ--

ပယောဂဝေဒနာစက်သည် လူသားတို့၏ကိုယ်ခန္ဓာထဲသို့ ရောက်ရှိပါက ပထဝီ၊တောဇော၊အာပေါ၊ဝါယော ဓါတ်များပျက်စီးစေပါသည်။ အပူအအေးမမျှတသောကြောင့် လူသားတို့သည် စိတ်နှင့် ပတ်သက်သော ဝေဒနာ- စိတ်မတည်ငြိမ်ခြင်း။ စိတ်ဂဏှာမငြိမ်ခြင်း၊ အိမ်မှာမနေချင်ခြင်း၊ ဒေါသကြီးခြင်း၊ မိသားစုပြဿနာဖြစ်ခြင်း၊ အိမ်ထောင်ရေး အဆင်မပြေဖြစ်ခြင်း၊ စီးပွားရေးမှာ စိတ်မဝင်စားခြင်း၊ စီးပွားရေးပျက်စီးဆုံးရှုံးခြင်း၊ အိမ်ထောင်ရေးပြိုကွဲခြင်း၊ အိမ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ကျောတတ်ခြင်း၊ ခါးကိုက်ခြင်း၊ တွေဝေထိုင်းမှိုင်းခြင်း၊ ရူးသွပ်ခြင်း အသက် သေဆုံးခြင်း    ဖြစ်တတ်ပါသည်။


  လူ့လောကတွင် လူသားတို့သည်
အချင်းချင်း မနာလိုစိတ်။ အနိုင်ရလိုစိတ်၊ ချစ်စိတ် မုန်းစိတ်၊ စီးပွားရေး၊ ပညာရေး အပြိုင်အဆိုင်ကြောင့် ရိုးသားစွာ ယှဉ်ပြိုင်ခြင်းဖြင့် မအောင်မြင်လျှင် မကောင်းသော ပညာရပ်အစီအမံဖြစ့် နှောက်ယှက် တိုက်ခိုက်ခြင်းမှာ အနိုင်ရလိုသော အတ္တစိတ်များကြောင့်ဖြစ်သည်။ မိမိကိုယ်တိုင် မကောင်းသော ပညာရပ်များ မတတ်ပါက အခကြေးငွေများပေး၍  အောက်လမ်းပညာရှင်များ၏ အစီအမံဖြင့် လူသားတို့ကို တိုက်ခိုက်နှောက်ယှက် အနိုင်ယူတတ်ပါသည်။
ရွှေရင်ကျော်ပညာကို ခံယူလိုသူများသည် သစ္စာ (၃) ချက်နှင့် သီလ (၂) ပါးကို စောင့်ထိန်းရပါသည်။
၁။ အမဲသား ကျွဲသား မစားရပါ။
၂။ အရက်သေစာ ဘီယာ မသောက်ရပါ။
၃။ သူတစ်ပါး၏ ကာမပိုင်မယားများကို ကိုယ်ထိလက်ရောက် ခိုးယူပေါင်းသင်းခြင်း မပြုရပါ။
သစ္စာတစ်ခုခုပျက်ပါက  ရွှေရင်ကျော်ပညာ ပျက်ပါသည်။ ရူးသွပ်ခြင်း၊ စီးပွားပျက်စီးဆုံးရှံးခြင်းများ မဖြစ်ပါ။ သူတော်ကောင်း သဘာဝပညာရပ်များ ဖြစ်ပါသည်။
 ရွှေရင်ကျော်ပညာခံယူထားသူများသည် လောကီ၊လောကုတ္တရာ အကျိုး( ၂ ) ဖြာ    ကောင်းကျိုးချမ်းသာများ ခံစားရပါသည်။    














No comments:

Post a Comment