Showing posts with label GridinSoft Trojan Killer. Show all posts
Showing posts with label GridinSoft Trojan Killer. Show all posts

Wednesday, September 23, 2015

GridinSoft Trojan Killer v2.2.8.3

Virus အမျိုးမျိုး ရှိတဲ့ အထဲ မှာ Trojan ဆိုတာ တကယ်ကြောက်စရာ ကောင်းတဲ့ Virus တစ်မျိုးပါပဲဗျာ အဲဒီ Trojan လို့ ခေါ်တဲ့ ဗိုင်းရပ်စ်တမျိုးကတော့ Antivirus Program တွေနဲ့ Scan လို့၊ Remove (Delete) လို့ မရနိုင်ပဲ သီးသန့် ဖန်တီးထားတဲ့ Trojan Killer လို Program မျိုးတွေနဲ့မှ ရှာဖွေ ဖယ်ရှားလို့ ရနိုင်တာပါ ဘာလို့လဲဆိုရင်တော့  ဒီ Trojan ဆိုတဲ့ Virus အမျိုးအစားတွေက Program သီးသန့် မဟုတ်ပဲ Windows ရဲ့ Registry စာသား Code Files တွေထဲမှာ စာသားကုဒ်တွေ အဖြစ် ဝင်ရောက် နေရာယူပြီး အလုပ် လုပ်ဆောင်တာ ဖြစ်လို့ Virus သတ်တဲ့ Antivirus Program တွေနဲ့ Scan လို့ မရနိုင်တာ / မတွေ့နိုင်တာ ဖြစ်ပါတယ်ဗျာ မိတ်ဆွေ တို့ရဲ့  Information ဖြစ်တဲ့ မိတ်ဆွေ တို့ Computer/PC မှာ ရိုက်ထားသမျှ စာတွေ၊ အရေးကြီး Data တွေ နဲ့ Password စတဲ့ အချက်အလက်တွေကို  စုံစမ်းထောက်လှမ်းပေးနေတဲ့ Virus အမျိုးအစား တစ်ခုပါ အဲဒီ Trojan တွေထဲမှာမှ ကိုယ် ရဲ့ Data တွေ Account တွေ ကို ခိုးယူဖို့ Hacker တွေဆီက Spy-ware အနေ နဲ့ လွတ်ထားတဲ့ Trojan ဆိုရင်တော့ ကြောက် စရာ အကောင်းဆုံးပဲ ငိငိ :)
ဒါအပြင်  မိတ်ဆွေ တို့ System မှာTrojan တွေ များလာရင်တော့ Windows System ကို လေးတတ်၊ ဟမ်းတတ်ပြီး "Blue Screen Of Death" (BSOD) တွေပါ ဖြစ်ပေါ်စေပြန်ပါတယ်ဗျာ ဒါကြောင့် ဒီ Trojan Killer Program ကို မကြာမကြာ အသုံးပြုပေးခြင်းဖြင့် Other Program တွေ Install ထည့်တိုင်း ပါလာတတ်တဲ့ Trojan တွေကို ဖယ်ရှားပြီးသား ဖြစ်နိုင်ပါတယ်ဗျာ.