Showing posts with label O&O SafeErase Professional. Show all posts
Showing posts with label O&O SafeErase Professional. Show all posts

Tuesday, September 8, 2015

O&O SafeErase Professional Edition v8.10 Build 160

အခု နောက်ပိုင်း Recovery Software တွေ ပေါ်လာတော့ တချို့ မသမာ တဲ့ ဆိုင်တွေ မိန်းကလေးတွေ ရဲ့ ဓါတ်ပုံတွေ , အပျော်ရိုက်ထားတဲ့ Video တွေ ကို Internet တင်ပြီး သိက္ခာချ ခံ ရတာတွေ ကြုံတွေ့နေရပါတယ်ဗျာ. ဒီ Program လေး က File တွေ folder တွေကို နောက်ထပ်ဘယ်နည်းနဲ့မှ ရှာလို့မရအောင် အပြီးအပိုင် ဖျက်ဆီးပေးတဲ့ Tool လေးပါဗျာ.ပုံမှန်အားဖြင့် Windows ပေါ်ကနေ Shift+ Delete နဲ့ဖျက်လိုက်ရုံနဲ့ပဲ ဖြစ်ဖြစ် | Format ချလိုက်ရုံ နဲ့ ပဲဖြစ်ဖြစ် file တွေ folder တွေဟာ Hard disk တွေပေါ်ကနေ ,  memory ကဒ်တွေ ကနေ အပြီးအပိုင်ပျက်မသွားပါဘူး file/ folder တွေ ထည့်သွင်း/ တည်ရှိနေတဲ့ hard disk ရဲ့ sector တွေ လမ်းကြောင်း(path) တွေကိုသာ ဖျောက်ထားလိုက်တာပါဗျာ ဒါကြောင့် data recovery tool တွေနဲ့ ပြန်လည်ရှာဖွေ (recover) လုပ်လို့ရနေတာပါ အခု ဒီ tool က  အရေးကြီးတဲ့ မိမိနဲ့ပဲ သက်ဆိုင်တဲ့ personal information, personal data တွေကို အကြောင်းကြောင်းကြောင့် မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ PC မှာ internet cafe တွေမှာ မဖြစ်မနေ သုံးနေရတဲ့အခါ အရေးကြီးတဲ့ ကိုယ့်ရဲ့ အကြောင်းအရာတွေကို မလိုအပ်ပဲ သူတစ်ပါးဆီသို့ မရောက်သွားအောင် တားဆီးကာကွယ်ပေးမှာပါဗျာ.