Monday, August 31, 2015

8 GadgetPack v15.00

Windows 8 ဟာ Windows 7 ထက်ပိုကောင်းအောင် ရေးဆွဲထားတဲ့ System တစ်ခု ဖြစ်ပြီး တချို့ နေရာတွေ မှာ Windows 7 ကဲ့သို့ မပါလာ တဲ့ Tool တွေရှိပါတယ်. Windows 8 မှာ အဓိက မပါရှိတာတွေ ကတော့  Net Framework 3.5 , Windows Start Menu နဲ့ Gadget တွေ ဖြစ်ပါတယ်. ဒါကြောင့် Microsoft က Windows 8.1 ကို ထပ်မံ ရေးဆွဲ ခဲ့ပြီး Windows 7 ကဲ့သို့ Net Framework 3.5 , Windows Start Menu တစ်ခါတည်းပါ ရှိအောင် လုပ်ဆောင်ခဲ့ ပြီး Net Framework 3.5 ကို ကျတော့ Windows 8.1 မှာ Offline အနေ နဲ့ Install လုပ်နိုင်ခဲ့ပါတယ်. လုပ်နည်းမသိ သေးတဲ့ မိတ်ဆွေ တွေ အတွက် ပြန်ရှင်းပြ ချင်ပါတယ်.

ကျွန်တော် တို့ Windows 8.1 တင်ပြီး တာ နဲ့ Net Framework 3.5 မရသေး ပါ ဒါကို အဓိ က Install လုပ်ဖို့လိုအပ်ပါတယ်ဗျာ. ဘာကြောင့်လည်း ဆိုတော့ Net Framework 3.5 မရှိသေး ရင် တခြား Program Install လုပ်ဖို့ မဖြစ်နိုင်ပါပြီး ဒါကြောင့် Net Framework 3.5 က မဖြစ်မနေ လိုအပ်ပါတယ်. လုပ်နည်းကတော့ မိတ်ဆွေ တို့ တင် တဲ့ Windows 8.1 ISO ခွေထဲ က Windows 8.1 ISO\sources\sxs တစ်ဖိုင် လုံး ကို Copy ကူးပြီး မိတ်ဆွေ တို့ တင်ထားတဲ့ (Windows) C\ အထဲ ကို paste လုပ်လိုက်ပါ. ပြီးရင် ဒီ Code လေးကို Copy ကူးပြီး
 Dism /Online /Enable-Feature /FeatureName:NetFX3 /Source:C:\sxs /LimitAccess
.bat နဲ့ Save လိုက်ပါပြီး ရင် Run as administrator နဲ့ Run လိုက်ပါ ဒါဆိုရင်တော့ Windows 8.1 အတွက် Net Framwork 3.5 ရပါပြီးဗျာ.
Start Menu အတွက်ကတော့ Program အမျိုးမျိုး ပေါ်ရှိနေတာကြောင့် အားလုံးနီးပါ Start Menu ရနေပါလိမ့်မယ်. ကဲ ဒီ Program လေး  ကတော့ Windows  8 မှာ Windows 7 လို  Gadget  ပြန်သုံးချင်တဲ့ မိတ်ဆွေ တွေ တဲ့ Gadget မရှိရင် မသုံး တတ်တဲ့ မိတ်ဆွေ တွေ အအတွက် Windows 8  Gadget လေးပါဗျာ.“

Mask My IP v2.5.5.8


Mask My IP ဆိုတာ ကတော့ မိတ်ဆွေ တို့ ရဲ့ IP ကို ဖျောက်ထားတယ် လို့ အဓိပ္ပါယ် ရပါတယ်. ဒီ Program အကြောင်း မပြော ခင် IP အကြောင်း နားမလည် သေးတဲ့ မိတ်ဆွေ တွေ ကို အနည်းငယ် ရှင်းပြ ချင်ပါတယ် IP Address ဆိုတာ Internet Protocol Address ဖြစ်ပါတယ် မြန်မာလို တည့်တည့် ဘာသာပြန်ရရင် နိုင်ငံတကာ ကွန်ပြူတာ ဆက်သွယ်မှု ကွန်ရက် နားလည်မှု သဘောတူညီချက် လိပ်စာ လို့ အဓိပ္ပါယ် ရောက်ပါတယ် ဒီတော့ IT Term တစ်ချို့ က မြန်မာလို့ ဘာသာမပြန်ပဲ အင်္ဂလိပ်လို မှတ်ထားတာ အကောင်းဆုံးပဲ ဖြစ်ပါတယ် ဟိုး အရင် တစ်ချိန် တုန်း က Computer တွေ မပေါ်မှီ၊  Internet တွေ မပေါ်မှီ တစ်နေရာကနေ တစ်နေရာ စာပို့တဲ့အခါ လိပ်စာ အပြည့်အစုံရေးလို့၊ လူအမည်ရေးလို့ စာတိုက်ပုံးထဲ ထည့်ရပါတယ် ယခုလည်း ယင်းသဘောတရားပါပဲ ဘယ် Computer က ဘယ် Computer ကို ပို့ပါတယ် ဘယ်နိုင်ငံ ကွန်ရက်ကနေ ပို့ပါတယ် အစရှိသဖြင့် သိရှိအောင် အင်တာနက်လိပ်စာ ဆိုပြီး IP Address ဆိုတာ ပေါ်ထွန်းလာပါတယ် ဒါကြောင့် Website  တွေကိုဝင်ရောက်တဲ့ အခါမှာ မိမိ IP ဖြေရာ ကျန်ခဲ့ ပြီး  Hacker တွေ ရဲ့ တိုက်ခိုက် ချင်ကို ခံ ရတတ်ပါတယ်. ဒီ လို တိုက်ခိုက် မခံ ရအောင် တချို့ က IP တွေ ကို Hide နိုင်တဲ့ Porgram အမျိုးမျိုး သုံးကြပါတယ်.ဒီ Program လေး လည်း မိတ်ဆွေ တို့ အသုံးပြုနေတဲ့၊ IP လို့ခေါ်တဲ့ Internet လိပ်စာတွေကို ဖျောက်ထားပေးနိုင်ပါတယ်ဗျာ တစ်နည်းအားဖြင့် တခြားနိုင်ငံတခု ရဲ့ IP လိပ်စာကို အစားထိုးပေးနိုင်တဲ့ Program လေးပါ .

ရေထဲမှာသဘောင်္နဲတိုက်ခိုက်မယ်

ကုန်းပေါ်မှာကြီးပဲ တိုက်နေရတာပျင်းနေပြီဆိုတဲ့ ဘော်ဘော်တွေအတွက်
ရေလမ်းလေးနဲပြောင်းတိုက်ကြမယ်နော် ဒီကောင်းလေးကတော့
ရေတပ်ဂိမ်းလေးပါ သဘောင်္ပေါ်ကနေပြီး ပစ်ခတ်ရမှာပဲနော် ရန်သူတွေ
ကလည်းအများကြီး နိုင်အောင်ဘယ်လိုတိုက်မလဲဘော်ဘော်တို့ရေ.....
အောက်မှာယူသွားကြနော်....

DOWNLOAD LINK



Love & Sex (ကွဲပြားခြားနားချက်)

အချစ် နှင့် လိင် ဟာ မတူညီကြပါဘူး။အချစ်ဆိုတာ တစ်ဦးတယောက်ရဲ့ စိတ်လှုပ်ရှားမှု သို့မဟုတ် တစ်ဦးတစ်ယောက်ရဲ့ ခံစားချက် ဖြစ်ပါတယ်။ " ချစ်ခြင်းမေတ္တာ " ဆိုတဲ့အဓိပ္ဗါယ်ဟာ ကွဲပြားခြားနားသော လူမျိုးအများအပြားရှိတဲ့အတွက် ကွဲပြားခြားနား သောအဓိပ္ပါယ်အမျိုးမျိုး ရှိပါတယ်။ လိင် ဆိုတာက အခြားတစ်ဖက် ရဲ့ ဇီဝ လှုပ်ရှားမှုတခုဖြစ်ပါတယ်။ လိင် တောင်မှ အမျိုးအစားအမျိုးမျိုး ရှိပါတယ်။လိင်ပိုင်းဆိုင်ရာ ပြုမူပုံ အတွက် အချို့အရာများစွာ ရှိပါတယ်။ လိင်ဆက်ဆံခြင်း သို့မဟုတ် penetration (လိင်တံကိုယောနိအတွင်းထည့်သွင်းခြင်း)ဟာ အချစ် ဟုဆိုနိုင်မည် မဟုတ်ပါ။
အချစ် နှင့် လိင် အကြားတွင် ကွာခြားချက်များ

YoWindow Unlimited Edition v4 Build 46 RC


ဒီ program လေးကတော့ အပြင် မှာ ဖြစ်နေတဲ့ ရာသီဥတု အခြေအနေ ကို  Live Screen Saver အနေ နဲ့ ပြုလုပ်ပေးနိုင်ပါတယ်ဗျာ အပြင်မှာ မိုးရွာနေလျှင် မိတ်ဆွေ တို့ computer မှာ ရှိတဲ့ ပုံက
မိုးရွာနေတဲ့ ပုံ သို့ ပြောင်းသွားပြီး နိုင်ငံ တစ်နိုင်ငံ ရဲ့ Location အသေးစိတ်ကိုပါ ရွေးချယ်နိုင်ပါတယ် (eg. Rangoon, Mawlamyine , Naypyitaw စတာတွေပေါ့) Location ရာသီဥတု အခြေအနေကို Previous Day & Next Day ပါကြည့်ရူနိုင်ပြီး လွန်ခဲ့တဲ့ 10 minutes က ရာသီဥတု အခြေအနေ | နောက်လာမဲ့ 10 minutes အခြေအနေ ဖြစ် နဲ့ ရာသီဥတု ရဲ့ အပူချိန် နဲ့ လေဖိအား စိုစွတ်မှု .... စတာတွေ ကိုပါ အသေးစိတ်ကိုပါ ကြည့်ရူနိုင်ပါတယ်ဗျာ ဒါ့အပြင် မုန်တိုင်း | လေပြင်း စတဲ့ ဆိုးရွားတဲ့ရာသီဥတု အခြေအနေ ကိုလည်း အချက်အပေး စနစ်အနေ နဲ့ဖန်တီးထားနိုင်ပါတယ်ဗျာ.ဒီ program လေးကို အသုံးပြု တဲ့ အခါ ရာသီဥတု အခြေအနေ Live ဖြစ်ဖို့ တွက် မိတ်ဆွေ တို့ ရဲ့ computer မှာ Internet Access အမြဲရှိနေဖို့ လိုအပ်ပါတယ်ဗျာ.

Sunday, August 30, 2015

Syncios v4.3.3

iOS အသုံးပြုနေကြတဲ့ မိတ်ဆွေ တွေ နဲ့ Mobile Service လုပ်ကိုင်နေကြတဲ့ မိတ်ဆွေ တွေ အတွက် အသုံးဝင်တဲ့ program လေးပါဗျာ. iPhone, iPad, iPod Touch စတဲ့ device များ အား backup & restore ပြုလုပ်ခြင်း ,App များ , Game များ , Media File များ အလွယ်တကူ ထည့်သွင်း ခြင်း စတာတွေ ကို လုပ်ဆောင်ပေး နိုင်ယုံ သမက မိတ်ဆွေ တို့ အသုံးပြုသည့် Device ၏ Data အချက်အလက်များ အပြည့်အစုံကိုလည်း စစ်ဆေး ဖော်ပြပေးနိုင်ပါတယ်ဗျာ. ဒီ program လေးကို အသုံးပြုနိုင် စေဖို့ မိတ်ဆွေ တို့ Computer မှာ ရှိသော iTunes သည် Update ဖြစ်ရန် လိုအပ်ပါတယ်ဗျာ

WinRAR v5.30 Beta 3

Computer / PC Program Software တွေ ထဲ မှာ မရှိမဖြစ်လိုအပ်တဲ့ WinRAR Program လေးပါဗျာ. တချို့ နည်းပညာ နဲ့ အရမ်း ဝေး ကွာ နေကြ တဲ့ မိတ်ဆွေ တွေ နှင့် ကြုံ ဖူး ကြမှာ ပါဗျာ.
Wed Page တစ်ခု က Program တွေကို Download ရ တယ်ဗျ. သုံးလို့မရဘူးတဲ့ ဘာဖြစ်လို့လဲ မေးတော့ Download ချလိုက်လို့ သူ့ စက်ထဲရောက်လာတဲ့ Program အားလုံးက စာရွက်ဖြူလေး တရွက်ပဲ တွေ့ရတယ်တဲ့ ဘာမှသုံးလို့မရဘူးတဲ့ :)  အဲဒါ ဘယ်လိုလုပ်ရမလဲဆိုပြီး ကျနော့်ကိုမေးလာပါတယ် သူ့စက်ကို သေချာဖွင့်ကြည့်လိုက်မှ Winrar Program မရှိလို့ ထည့်ပေးလိုက်မှ အဆင်ပြေသွားပါတယ်ဗျာ. ဒါအပြင် Internet Web Page တွေ ပေါ် ကို Upload တင်ကြ တဲ့ အခါ Developer အများစု ဟာ သူတို့ တင်ပေးတဲ့ Program တွေ ကို Winrar နဲ့ Compress လုပ်ပြီး တင်ကြပါတယ် ဘာလို့ ဆိုရင်တော့ သူတို့ Program တွေ Virus မထိ ရောင် နိုင်အောင့် | Virus နဲ့ တူတဲ့ Keygen,Patch, Crack တွေ ကို Antivirus က မသိနိုင် အောင် မဖျက် စီးနိုင်အောင် Winrar နဲ့ Compress လုပ်ပြီး တင်ကြတာပါ. Winrar က မိမိ Compress လုပ်ချင် တဲ့ Files 4 ခု 5 ခု ...etc လောက် ကို 1 Files ထဲ ဖြစ်အောင် Compress လုပ် နိုင်ပြီး မှုလ Files Size ထက် အနည်းငယ် ပိုသေးသွား တာကြောင့် Download , Upload အတွက် အဆင်ပြေ စေပါတယ်ဗျာ. Program တွေ မှ မဟုတ်ပါဘူး မိတ်ဆွေ တို့ ရဲ့ Photos ၊ Videos ၊ Music တွေ အားလုံးကို Winrar နဲ့ချုပ်ပြီး သိမ်းထားလို့ ရပါတယ် Winrar နဲ့မချုပ်ပဲ ထားတဲ့ ဓါတ်ပုံ ဖိုင်တွေဆိုရင် Virus ဖုံးလိုက်လို့ ခဏခဏ ပျောက်တတ်ကြပါတယ် ဒါအပြင် နောက်ပိုင်း WinRar တွေ က Update ဖြစ်ဖို့ အရမ်းအရေးကြီးလာ ခဲ့ပါတယ် ဘာလို့လဲ ဆိုတော့ များစွာသော ထွက်ရှိနေသော Archive Program တွေ ရဲ့ LZH Format စတာတွေ နဲ့ Compress လုပ်ထားတဲ့ Zip Files တွေကို Extract လုပ်ရာတွင် Support လုပ်နိုင်ဖို့ ဖို့ပါ... အကယ် ၍ မိတ်ဆွေ တို့ Winrar က Update မဖြစ် ဘူး ဆိုရင် တော့ အဲဒီလို Files တွေကို Extract လုပ်တဲ့ အခါ မျိုးမှာ Miss ဖြစ်တတ်ပါတယ်. ကဲ WinRarမရှိ သေးတဲ့ မိတ်ဆွေ တွေ နဲ့ Update မဖြစ်သေးတဲ့ မိတ်ဆွေ တွေ အောက်မှာ Download နိုင်ပါတယ်ဗျာ.

Rufus v2.3

ဒီ Program လေးကတော့ iso ဖိုင်တွေကို Memory အလွတ်ထဲမှာ သွင်းပြီး windows တင်ရာတွင် လွယ်လွယ်ကူကူ နဲ့ Boot တက်အောင်လုပ်ပေးနိုင်တဲ့ Program လေးပါဗျာ. Windows, Ubuntu, Fedora and linux  so on ... စတဲ့ ဘယ် iso ဖိုင်တွေကို မဆို USB drives and memory cards ဖြင့် ထည့်သွင်း ဖန်တီးနိုင်ယုံသာမက တချို့  USB Creator တွေ မလုပ်ဆောင် ပေးနိုင် တဲ့  16 GB လောက်များတဲ့ ISO ဖိုင် တွေ ကို USB drives and memory cards သို့ ထည့်သွင်းရာတွင် ဒီကောင်လေး နဲ့ ပဲ လွယ်လွယ် ကူကူ ဖန်တီးပေးနိုင်ပါတယ်ဗျာ

Stardock Start 8 v1.56

Windows 8 operating system မှာ မပါရှိခဲ့တဲ့ start menu ကို မှ အသုံးပြု ချင်တဲ့ မိတ်ဆွေ တွေ အတွက် အသုံးဝင်မဲ့ Program သေးသေး လေးပါဗျာ. Windows 8 အတွက် start menu တွေ ကတော့ ပုံစံ မဆန်းပဲ အမျိုးမျိုး ထွက် ရှိကြပါတယ် သူ့အကြိုက် နဲ့သူပေါ့ ဗျာ.ဒီ Program လေးကတော့ start menu  ပါရှိပြီးသာ Windows 7,8.1 မှာ ပါ ထပ်မံ အသုံးပြုနိုင်ပါတယ်ဗျာ.

Process Lasso v8.8.2.0

ဒီ Program လေး ဟာ Japan နိုင်ငံမှာ ရေပန်းစား နေတဲ့ Program လေးပါ. မိတ်ဆွေ တို့ Computer System မှာ မလိုအပ်ပဲ အသုံးပြုနေ တဲ့ CUP တွေ ကို အပြည့် အ၀ ထိန်းညှိပေးပြီး  CPU Speed ကို မြန်ဆန်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်. Windows System Hang ခြင်း၊ နှေးကွေးခြင်း | Not Responding ဖြစ်ခြင်းစသည်တို့ကို  ကာကွယ်ပေးနိုင် ပြီး မလိုအပ်တဲ့အချိန်တွေမှာ CPU အလုပ်လုပ်ခြင်းကို လျှော့ချပေးနိုင်ပါတယ်ဗျာ.

Remote Desktop Manager Enterprise v10.9.10.0 Beta

Remote Desktop Manager Enterprise v10.9.10.0 Beta update လေးပါဗျာ မိတ်ဆွေ Computer ကနေ တခြား Computer ကို ဝင်ရောက်ပြုပြင် ပေးလို့ ရတဲ့ Program လေးပါဗျာ. ဒီ Remote Desktop Manager ရဲ့ အသုံးပြုပုံက TeamViewer နဲ့ အသုံးပြုနည်းနဲ့ တူပါတယ် Install ထည့်တဲ့နေရာမှာလည်း တခြား Program တွေထက် ပိုပြီး ကြာတတ်ပါတယ် စိတ်ရှည်ရှည်နဲ့ စောင့်နေပေးပါ.အသုံးပြုနည်း အသေးစိတ် ကိုတော့ လေ့လာ ချင်ရင် လေ့လာ ရအောင် Videos Files နဲ့ တင်ထားပေးပါတယ်ဗျာ.

တယ်လီနော ရဲ့ စူပါပွား အစီအစဉ်

တယ်လီနောမှ စူပါပွား အစီအစဉ်ကိုမိတ်ဆက်ပေးလိုက်ပါပြီ။ အသုံးပြုသူ ၁၀သန်း ကျော်ရှိပြီး အလွန်လျှင်မြန်စွာ တိုးလာလျှက်ရှိတဲ့ တယ်လီနော အသုံးပြုသူများ အချင်းချင်း တစ်မိနစ်ကို ၁၈ ကျပ်တည်းဖြင့် ဖုန်းပြောဆိုနိုင်မည့် အခွင့်အရေး ဖြစ်ပါတယ်။ တယ်လီနော မဟုတ်သော အခြား မိုဘိုင်း အော်ပရေတာ များကို အသုံးပြုနေသေးတဲ့

အမျိုးသမီးတွေရဲ့ ရင်သားကို တနေ့၁၅မိနစ် ကြည့်ရင် ကျန်းမာရေး ပိုကောင်းစေနိုင်

အမျိုးသမီးတွေရဲ့ ရင်သားကို တနေ့၁၅မိနစ် ကြည့်ရင် ကျန်းမာရေး ပိုကောင်းစေနိုင်
**************************************
Facebook မှာတောင် ပျံ့သွားတဲ့ အမျိုးသမီးတွေရဲ့ ရင်သားကို တနေ့၁၅မိနစ် ကြည့်ရင် ကျန်းမာရေး ပိုကောင်းစေနိုင် တယ်ဆိုတာကို အမှတ်မဲ့ မြင်ဖူးလိုက်မယ် ထင်ပါတယ်။

ZawDecode 1.0

Technology & Knowledge Facebook စာမျက်နှာ မှ ကိုဆန်းထွန်း ရေးသား ဖန်းတီး ထားသော ZawDecode ဟာဆိုရင် Windows , MIUI နှင့် တခြား Andorid ဖုန်း များ တွင် Zawgyi  နှင့် Unicode  မြန်မာစာ နှစ်မျိုးလုံး အသုံးပြု နိုင်ခဲ့ပါပြီးဗျာ.

Redmi Note 4G LTE MIUI 7.4.26 Beta 5.0.2 Lollipop -ShweEainThuLay Edition ROM (100% Stable)

Xiaomi Redmi Note 4G (Ram 2 GB Single SIM) အသုံးပြု နေကြတဲ့ မိတ်ဆွေ တွေ အတွက် ကျွန်တော် ကိုယ်တိုင်ပြန် လည် Edition ပြန် လုပ်ထားတဲ့ MIUI 7.4.26 Beta Android 5.0.2 Lollipop  Space ROM လေးပါဗျာ. ကျွန်တော် မိတ်ဆွေ တို့ ကို စမ်းသပ် အသုံးပြု ဖို့ တင်ပေးခဲ့တဲ့ MIUI 7.1.22 Beta တုန်း က ဖြစ်ခဲ့တဲ့  Error ( bug solve )  ပြဿနာ  တွေ ကို ပြန်လည်  ဖြေရှင်း ပေးထား တာကြောင့် (100% Stable) ဖြစ်ပြီး လက်ရှိ ကျွန်တော် ကိုယ်တိုင် အသုံးပြု ထားပါတယ်ဗျာ

Saturday, August 29, 2015

WinReducer 8.1 v2.2.1 & Other Tool

Windows 8, 8.1 and 10 Operation System တွေ ကို Offline အနေ Windows Update ဆွဲ ပြီး Update တင်နိုင် တဲ့ အလွန်အသုံးဝင် တဲ့ Tool လေးပါဗျာ.  ဒါအပြင် အသစ်ထွက်ရှိတဲ့ Windows Update များ ဖြစ်တဲ့ Windows 8,8.1  and 10 ရဲ့ လိုအပ်တဲ့ drivers and app updates  တွေ  ကို download လုပ်ရာတွင် လည်း  အသုံးပြုနိုင်ပါတယ်ဗျာ.

US Downloader v1.3.5.9 Update 28.08.2015

တချို့သော file servers များဟာ premium ၀ယ်ခိုင်းပြီး free user တွေ အတွက် download limited အကန့် အသတ်နဲ့ ထိန်းချုပ်ထားတာကြောင့် ကျွန်တော် တို့ အနေ နဲ့ Files ဆိုဒ် များတဲ့ videos , program တွေ နဲ့ iso ခွေ တွေ ကို  download ဖို့  အခက် အခဲ တွေ့ ရပါတယ်ဗျာ. ဒီကောင်လေး က တော့ russia နိုင်ငံထုတ် program တစ်ခုဖြစ်ပြီး တကယ့်ကို ကောင်းမွန်ပြီး ထင်ရှားသော download manager လေးပါဗျာ. ဒီ download manager နဲ့ IDM နဲ့ တွဲ သုံးလိုက်မယ်ဆိုရင် တော့ ပွဲ အသိမ်းပဲဗျ ဘာလာလာ download လို့ရပါပြီး သူ့ရဲ့ အဓိက ကောင်းမွန်တဲ့ အားသာချက်ကတော့ RapidShare, MegaUpload, LetitBit, Deposit and so on, စတဲ့ download limited သတ်မှတ်ပြီး premium ၀ယ်ခိုင်းတဲ့ file servers တွေ က files တွေ ကို အကန့်သတ်မရှိ (limited မရှိဘဲ) download လုပ်ပေးနိုင်တဲ့ download manager လေးပါဗျာ. ဒီ download manager လေးမှာ  အထူးတီထွင် ထားတဲ့ services စွမ်းရည်တွေ ပါရှိတာကြောင့်  တခြား premium ၀ယ်ခိုင်းတဲ့ file servers ဆိုဒ်ပေါင်း (၁၂၀) ကျော် မှ files , videos တွေ ကို အကန့်သတ်မရှိ download နိုင်ပါတယ်. portable အနေ နဲ့ ထုတ်လုပ်ထားတာ ကြောင့် မိတ်ဆွေ တို့ သွားလေရာ ကို usb , sd card တစ်ခုခု နဲ့ ဆောင်ထားနိုင်ပါတယ်ဗျာ. အသုံးပြု နည်းလေး ကတော့ မိတ်ဆွေ တော့ download ချင်တဲ့ files ရဲ့ Link ကို copy ကူးပြီး ထည့် ပေးရမှာ ဖြစ်ပါတယ်ဗျာ. ကဲ ဒီ download manager လေး ကို အသုံးပြု ပြီး အဆင်ပြေကြပါစေဗျာ

Mac Blu-ray Player v2.16.4.2065

Movie, Video, Audio, Music နဲ့ Photo တွေ အတွက် အထူး ကောင်း မွန် တဲ့ Program လေးပါဗျာ  DVD decoding နဲ့ DVD menus တွေက အစ ဖွင့်နိုင်တဲ့ Macgo Windows Blu-ray Player လေးပါ first universal media player Playback position recording နဲ့ resuming လည်းအသုံးပြုနိုင်ပြီး Videos, Movies တွေ ကိုလည်း Share နိုင်ပါသေးတယ်ဗျာ Blu-ray Player supports အဖြစ်
Blu-ray, DVD, VideoCD, MOV, MKV, AVI, FLV, WMV, MP4, MPEG, RMVB, MP3, WMA, AAC, AC3 အစရှိသည်တို့ကိုလည်းကြည့်ရှု့နိုင်ပါတယ်ဗျာ.

VSO Downloader Ultimate v4.4.0.4

ဒီ Downloader လေးကတော့ Websites , Youtube, Metacafe, Vimeo, Dailymotion အစရှိသည်တို့မှ videos and audio တွေကို အလွယ်တကူ Download ချပေးနိုင်တဲ့ Program လေးပါဗျာ Movies နဲ့ Audio တွေ  Download လုပ်ဖို့ အတွက် သီးသန့်ရေးဆွဲ ထားတဲ့ Program ဖြစ် တာကြောင့် Download Speed မြန်ဆန်လှပါတယ်ဗျာ. IDM ကဲသို့ resumed အနေနဲ့ လည်းရပါတယ်ဗျ

YoWindow Unlimited Edition v4 Build 44 RC


ဒီ program လေးကတော့ အပြင် မှာ ဖြစ်နေတဲ့ ရာသီဥတု အခြေအနေ ကို  Live Screen Saver အနေ နဲ့ ပြုလုပ်ပေးနိုင်ပါတယ်ဗျာ အပြင်မှာ မိုးရွာနေလျှင် မိတ်ဆွေ တို့ computer မှာ ရှိတဲ့ ပုံက
မိုးရွာနေတဲ့ ပုံ သို့ ပြောင်းသွားပြီး နိုင်ငံ တစ်နိုင်ငံ ရဲ့ Location အသေးစိတ်ကိုပါ ရွေးချယ်နိုင်ပါတယ် (eg. Rangoon, Mawlamyine , Naypyitaw စတာတွေပေါ့) Location ရာသီဥတု အခြေအနေကို Previous Day & Next Day ပါကြည့်ရူနိုင်ပြီး လွန်ခဲ့တဲ့ 10 minutes က ရာသီဥတု အခြေအနေ | နောက်လာမဲ့ 10 minutes အခြေအနေ ဖြစ် နဲ့ ရာသီဥတု ရဲ့ အပူချိန် နဲ့ လေဖိအား စိုစွတ်မှု .... စတာတွေ ကိုပါ အသေးစိတ်ကိုပါ ကြည့်ရူနိုင်ပါတယ်ဗျာ ဒါ့အပြင် မုန်တိုင်း | လေပြင်း စတဲ့ ဆိုးရွားတဲ့ရာသီဥတု အခြေအနေ ကိုလည်း အချက်အပေး စနစ်အနေ နဲ့ဖန်တီးထားနိုင်ပါတယ်ဗျာ.ဒီ program လေးကို အသုံးပြု တဲ့ အခါ ရာသီဥတု အခြေအနေ Live ဖြစ်ဖို့ တွက် မိတ်ဆွေ တို့ ရဲ့ computer မှာ Internet Access အမြဲရှိနေဖို့ လိုအပ်ပါတယ်ဗျာ.

IObit StartMenu 8 v2.3.0.200

Windows 8 operating system မှာ မပါရှိခဲ့တဲ့ start menu ကို မှ အသုံးပြု ချင်တဲ့ မိတ်ဆွေ တွေ အတွက် အသုံးဝင်မဲ့ Program သေးသေး လေးပါဗျာ. Windows 8 အတွက် start menu တွေ ကတော့ ပုံစံ မဆန်းပဲ အမျိုးမျိုး ထွက် ရှိကြပါတယ် သူ့အကြိုက် နဲ့သူပေါ့ ဗျာ.ဒီ Program လေးကတော့ Windows 7  style Start menu လေးပါဗျာ

FotoSketcher v3.20

ဒီ ကောင်လေးက တော့ Photos တွေ နဲ့ ပက်သက် ပြီး အတော်အတန် ကို ပြုပြင် နိုင်တဲ့ Program လေးပါဗျာ. မိတ်ဆွေ တို့ ရဲ့ Photos လေးတွေကို ခဲခြစ် ပန်းချီ ပုံလေးတွေ ဖြစ်အောင် ပြု ပြင်ခြင်း ရေးဆေး၊ ဆီဆေး ပန်းချီ တွေနဲ့ တခြား ပန်းချီ ဒီဇိုင်း အမျိုးမျိုး ကို ဖန်တီးနိုင်ပါတယ်ဗျာ. တချို့ မှောင်သလိုလိုဝါးသလိုလို ဖြစ်နေတဲ့ Photos တွေကိုတောင် ဒီ Program လေး နဲ့ ပြန် ပြီး ချိန်ညိပေးလို့ရပါတယ်ဗျာ.

Reg Organizer v7.20

Reg Organizer Programs လေးဟာ register Error တွေ ကြောင့် စိတ်ညစ်နေရတဲ့ မိတ်ဆွေ တွေ ရဲ့ Window က System register error တွေ ကို ပြုပြင်ပေးနိုင်တဲ့ အပြင် Optimizeand Cleaning လုပ်ပေးနိုင် ခြင်း စတဲ့ တခြားသော Function မျိုးစုံလည်းပါဝင်ပါတယ်ဗျာ။ Files ဆိုဒ် သေးသလောက် အသုံးဝင် register Error ပြု ပြင်တဲ့ နေရာမှာများစွာ အထောက် အကူပြုစေပါတယ်.

Display Driver Uninstaller v15.4.1.0

ဒီ Program လေး ဟာ မိတ်ဆွေ တို့ Windows မှာ ရှိတဲ့ Standard driver တွေ ကို ပြန်ပြီး Uninstall လုပ်တဲ့ နေရာမှာ များစွာအထောက်ကူပြုစေပါတယ်ဗျာ NVIDIA and AMD တို့လိုမျိုး Display Driver တွေကို တောင် Uninstall လုပ်တဲ့ နေရာမှာ ၎င်း နဲ့ ပက်သက်တဲ့  registry keys တွေ Files နဲ့ Folder တွေပါမကျန် အကုန်လုံး ဖျယ်ရှားပေး နိုင်ပါတယ်ဗျာ. (ဒီ Program အသုံးမပြုခင် မိတ်ဆွေ တို့ Computer ကို System restore တစ်ခု လုပ်ထားဖို့ မမေ့ နဲ့ ဦးနော် ).

Cameyo v3.0.1390

Cameyo လေးကတော့ Free အနေနဲ့ ထုတ်လုပ်ထားပြီး portable ဆော့ဝဲလ်လေးတွေကို အလွယ်တကူ ဖန်တီးပေးနိုင်တဲ့ Program လေးပါဗျာ  Portable ဆိုတဲ့ အဓိပ္ပါယ်ကတော့ အလွယ်တကူ ဖြုတ်လိုက်၊ တပ်လိုက် နဲ့ သွားလေရာ သယ်သွားနိုင်ပြီး လိုအပ်တဲ့ နေရာမှာ ယူသုံး လို့ ရတဲ့သဘောမျိုးပါ (ဥပမာ.. portable ဆော့ဝဲလ်တွေကို မိတ်ဆွေတို့ရဲ့ USB pendrive တွေထဲ မှာ ထည့်ပြီး မိတ်ဆွေ တို့ရဲ့ Computer မဟုတ်တဲ့ Internet ဆိုင်ကဲ့သို့ တခြား Computer တွေမှာလည်း အလွယ်တကူ တပ်ပြီး portable ဆော့ဝဲလ်တွေကို ၂-ချက်တောက် ဖွင့်ပြီး အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်ဗျာ အသုံးပြု ပြီးလို့ USB ဖြုတ်လိုက်တဲ့ အခါမှာ အဲ့ဒီစက်ထဲမှာ portable ဆော့ဝဲလ်တွေ နဲ့ ပက်သက် သမျှ တခုမှ ကျန်မနေခဲ့ပဲ မိတ်ဆွေ တိုရဲ့ USB ထဲမှာသာ ရှိနေမှာ ဖြစ်ပါတယ်ဗျာ အဲ့လို အလွယ်တကူ အသုံးပြုလို့ရတဲ့ ဆော့ဝဲလ်မျိုးကို portable လို့ ခေါ်ပါတယ်ဗျာ ဒီ Cameyo လေးကတော့ Free အနေ နဲ့ ပေးသုံးတဲ့ Program တွေ နဲ့ Serial အသုံးပြုပြီး Full ဖြစ်တဲ့ Program တွေကို သီးသန့်ကို သာ portable အဖြစ်ဖန်တီးပေး နိုင်ပြီး  crack, patch, activator တွေနဲ့  Full Version လုပ်သုံးတဲ့ Program တွေ ဆိုရင်တော့ portable လုပ်လို့ မရနိုင်ပါဘူး...

WinToFlash v1.2.0000 Professional

 ဒီ Program လေးက အရမ်း စိတ်ဝင်စား စရာကောင်းလှ ပါတယ် ကျွန်တော် လွယ်လင့် တကူ ပြောတာ မဟုတ်ပါနော် :) Windows operating system တွေ ကို USB နဲ့ transfer လုပ်ပြီး တင်ကြတာ မိတ်ဆွေ တို့ ကြားဖူး ကြမှာပါ. ဒီကောင် လေး က မိတ်ဆွေ တို့ သုံးနေ ကြ program တွေထက် သာလွန်ကောင်း မွန်ပြီး အသုံးပြု ရတာလည်း များစွာ ရိုးရှင်းလွယ်ကူလှပါတယ် ခလုတ် တစ်ချက် နိုပ်ယုံ နဲ့ Windows Image တွေ ကို USB ထဲ သို့ အလွယ် တကူ ထည့်သွင်းနိုင်ပြီး Windows 2003 မှ စပြီး Xp , Seven စတဲ့ operating  system အားလုံး ကို ဒီကောင် လေး နဲ့ပဲ transfer လုပ်ပြီး အသုံးပြု နိုင်ပါတယ်ဗျာ.

Internet Download Manager v6.23 Build 21 & All Tool

Internet Download Manager v6.23 Build 21 Updat Version လေးပါဗျာ. အခု နောက်ဆုံးထွက်တဲ့ Internet Download Manager v6.23 Build 21 ဟာ Patch တော်တော် များများ Crack တော်တော် များများ မအောင်မြင်တာ တွေ့ ရပါတယ်ဗျာ. Patch ဖြေလိုက်ရင် / Crack ဖြေလိုက်ရင် ပဲဖြစ်ဖြစ် Internet Download Manager v6.23 Build 201 မဖြစ်ပဲ Downgrade ဖြစ်ပြီး Internet Download Manager အဟောင်း ကို ပဲ ပြန် ဖြစ်ဖြစ် နေတာ တွေ့ ရပါတယ်. ကျွန်တော် အခု တင်ပေးလိုက် တဲ့ REIS Patch ဖိုင်လေး က Internet Download Manager v6.23 Build 20 ကို လုံးဝ Full ဖြစ်စေ မှာ ပါ. ဒါပေမဲ့ ဒီ Patch လေး က Higly ဗျ  Severe Virus တစ်မျိုး ဖြစ်တာကြောင့် သူ့ ကို Un Zip မလုပ်ခင် **** Disable Antivirus **** လုပ်ပေးရပါမယ်. Antivirus မပိတ်ထား ရင်တော့ Antivirus က အဲဒီ REIS patch ကို Delete လုပ်သွားပါတယ်. ဒါကြောင့် ခဏ ပိတ်ထားပေးပါဗျာ.Virus name ကတော့  Obfuscator.C ဖြစ်ပါတယ်ဗျာ ဒါအပြင် Patch တို့ Crack တို့ မလုပ် တတ်ကြတဲ့ သာမန် User တွေ အတွက် အလွယ်တကူ Install လုပ်ပြီး အသုံးပြု နိုင်ရန် IDM Retail version လေး ပါ ထည့်သွင်းပေးထားပါတယ်ဗျာ.

AVG Anti-Virus Free 2015 Build 6140

Antivirus Program တွေ က အမျိုး အမည် စုံ လင်လှသလို အသုံးပြုတွေကလည်း သူ့ အကြိုက် ကိုယ့်အကြိုက် မတူပဲ ကွဲပြားကြပါတယ်. ဒီ Antivirus program လေးကတော့ ကမ္ဘာ့ Top-ten Antivirus စာရင်း ၀င် တစ်ခု ဖြစ်ပြီး  Web browsing ,Identity protected, viruses and from spyware, adware software, and Email and Firewall စတာ တွေ အတွက် အထိရောက် ဆုံး ကာကွယ် စောင့်ရှောက် ပေးနိုင်ပါတယ်ဗျာ. ဖမ်းတဲ့ နေရာမှ တော့ ဘာကောင်းလဲ မမေး နဲ့ latest virus database အားလုံး လာထား ကင်သလား ပဲ =D တစ်နေ့ တကြိမ် Scan ဖတ်ပေးခြင်းဖြင့် မိတ်ဆွေ တို့ Windows ထဲမှာ ရှိတဲ့ မှားယွင်းတဲ့ လုပ်ဆောင်မှု့များ တခြား program ပြဿနာပေါင်း တစ်သောင်းခြောက်ထောင် ကို  ရှာဖွေဖယ်ရှားပေးနိုင်ပါတယ်ဗျာ ဒါအပြင် တခြား Protected များစွာကိုလည်း တိကျစွာ လုပ်ဆောင်ပေးနိုင်ပါသေးတယ်.

Friday, August 28, 2015

Facebook 44.0.0.17.142 Beta

Social Network တစ်ခု ဖြစ်တဲ့ Facebook ဟု ဆိုလိုက် တာ နဲ့ စီးပွားရေး , လူမှုရေး , ပညာရေး , ကျန်းမာရေး နိုင်ငံရေး , စတာတွေ နဲ့ ကမ္ဘာ တစ်လွှား လူ တွေ ကြား မှာ မသိတဲ့ သူ မရှိကြ ပါဘူးဗျာ Facebook ကို အမေရိကန် နိုင်ငံ Harvard Universit တက္ကသိုလ် Eduardo Saverin ဘာသာရပ် မှ ကွန်ပျုတာ ပညာ ကျွမ်းကျင်သော စွာ တတ်မြောက် သော ဆယ်ကျော်သက် လူငယ် Mark Zuckerberg မှ October 28, 2003 ခုနှစ် တွင် Domain နေရာယူခဲ့ ပြီး February 2004 မှ စ ၍ စတင် တည်ထောင်ခဲ့ ရာ နောက် ပိုင်း တွင် IOS, Android , Windows Phone and Other စတဲ့ Device တွေ အတွက် ပါ အသုံးပြု နိုင်ရန် ထုတ်လုပ် လာခဲ့ တာကြောင့် ကမ္ဘာကျော် Social Network  တစ်ခု ဖြစ်လာခဲ့ပြီး ယနေ့ တွင် အသက် 31 နှစ်အရွယ် (May 14, 1984 ) Mark Zuckerberg ဆိုသူဟာ ကမ္ဘာ ကျော် ဘီလီယံ နာ တစ်ယောက် ဖြစ်လာခဲ့ပါတယ်..

စက်ဘီးလေးစီးပြိး စာပိုကြမယ်

စာဗျို့  စာစာ.....  ကဲဗျာလာပြီနော် လီူလေးကိုစီးလိုချစ်ခလေးနဲ
အော်မှာလို....ဒီဂိမ်းလေးကတော့ စက်ဘီးလေးစီးပြီးစာတွေ
လိုက်ပိုရမှာဖြစ်မှာနော် စာလေးတွေပိုရင်း ပိုက်ဆံလေးတွေလည်းစု
ဆောင်းထားကြနော်ခိခီ ဒီဂိမ်းလေးကလည်းတော်တော်ဆော့ကောင်းတယ်ဗျာ
ကားတွေ ကြားထဲမှာစက်ဘီးလေးစီးပြီးစာလေးပိုရမှာ ဆော့လိကေင်းတယ်
အောက်မှာယူသွားကြနော်.....

for----- android

DOWNLOAD LINK  (1)

DOWNLOAD LINK (2)


VDownloader v4.1.1463

အလွန် အသုံးဝင်တဲ့ Program လေးပါဗျာ. YouTube, Veoh, Vimeo, Daily Motion စတာတွေ နဲ့ တခြား Video Site တွေ က Videos , Movies တွေ ကို  ဒေါင်းလုပ် လုပ်ရာ တွင် အသုံးပြု နိုင် ပြီး Internet Download Manager နဲ့ ဒေါင်းလော့ ဆွဲ ရာတွင် Download Speed Limite ပေးထားသော Myanmar Subtitle Movie ဆိုဒ် ကဲ့သို့ အထူး စီမံ ထားသော ဆိုဒ် တွေ က Video တွေ ကို ဒေါင်းလော့ ဆွဲ ရာတွင် ဒီ Program လေး က  ကောင်းမွန်စွာ လုပ်ဆောင်ပေးနိုင်ပါတယ်ဗျာ

AnyDVD HD v7.6.4.0

တစ်ချို့သော DVD player တွေက format အစုံ မပါတာကြောင့် တစ်ချို့ DVD တွေက ဖွင့်ကြည့်လို့မရနိုင်ပါဘူး  ဒီ AnyDVD HD လေးက DVD အားလုံးအတွက် format အကုန်ပါတယ် 

Light Image Resizer v4.7.3.1

မိတ်ဆွေ တို့ရဲ့ ရုပ်ပုံ တွေ, ဓါတ်ပုံ တွေ ကို ပြုပြင်ရာ တွင် အသုံးပြု နိုင်တဲ့ ရိုးရှင်းတဲ့ Program လေးပါဗျာ. အလင်းအမှောင် အပြင် တခြား ချိန်ညှိစရာ အသုံးအ၀င်တဲ့ Tool ပေါင်းများစွာ ပါဝင်ပြီး ရုပ်ပုံ တွေ ရဲ့ graphic ကို လုံးဝ မကျ စေပဲ ပြုပြင်ပေးနိုင်ပါတယ်ဗျာ.

Wise Care 365 Pro v3.83 Build 340

CCleaner ထက်ကောင်းသော Wise Care 365 Pro v3.83 Build 340 Program Update လေးပါဗျာ. Wise Care 365 လေးဟာ ဆိုရင် All in One System Tool လေးတခု ဖြစ်ပြီးတော့ defragment | optimizing | registry | recover | Auto shutdown စတဲ့ အသုံးပြုလို့ ရတဲ့ Features တွေ တော်တော်   လေး များပါတယ်ဗျာ. မိတ်ဆွေ တို့ Computer System တို့ Browser တွေ နှေးကွေးလေးလံ လာတာတွေ ကို ဒီ Wise Care System Tool လေး က ဖြေရှင်း ပေးနိုင်ယုံသာမက  မလိုအပ် တဲ့ Program တွေကြောင့် Windows Start Up အတတ်နှေး တာ တွေ ကို ဖြေရှင်း ပေးနိုင်ပါတယ် Wise Care 365 လေး ကို အသုံးမပြုခင် အရင်ဆုံး Restore Points လေးတွေ ဖန်တီးထားနိုင်ပါတယ် Recover ဖြစ်အောင်လို့ပါ။ အသုံးမပြု ဖူးတဲ့ သူတွေ အတွက် အရေးကြီး တာ တစ်ခု ပြောချင်ပါတယ် ဒီ Program လေးက Big Files Manager ကို မသုံးမိပါ နဲ့ တကယ် လို့ သုံး မိမယ် ဆိုရင် မိတ်ဆွေ တို့ System က HD Video တွေ , ISO, Firmware, စတဲ့ Files ဆိုဒ် များတဲ့ ဟာတွေ ဖျက်ကုန်ပါမယ် ဘာလို့ လည်းဆို တော့ Big Files Manager က Files ဆိုဒ် များတာ တွေ ကို Clean လိုက်တာပါ.  အဲဒါ က လွယ် လို့ ကျန်တာ အကုန် သုံးနိုင်ပါတယ်ဗျာ.

Wise Data Recovery v3.82.199


Wise 365  မှ ထုတ်လုပ်ထားတဲ့ ဒီ Data Recovery Tool လေး က လည်း ဆိုးတော့ မဆိုးဘူး ဗျ. Free အနေ နဲ့ လည်း အသုံးပြု ခွင့် ရရှိ ထား ပြီး မိတ်ဆွေ တို့ Computer မှ မှားဖျက်မိ တဲ့ ဖိုင်တွေ ကို ဓါတ်ပုံ တွေ , အရေးကြီး စာရွက် စာတမ်း တွေ , သီချင်း တွေ , ဗီဒီယို စတာ တွေ ကို ပြန်လည် ရှာဖွေ တဲ့ နေရာ မှာ အတော်အတန် လောက် ဒီကောင်လေး က ပြန်လည် ရယူ ပေးနိုင်ပါတယ်ဗျာ. 

Shark007 ADVANCED Codecs v5.41 & STANDARD Codecs v2.81

ကျွန်တော်တို့တွေ Windows ထဲမှာပါတဲ့ Windows Media Player ဟာ ပါ Videos,Audio Format အားလုံး Support မလုပ်ပေးနိုင်ပါဘူးဗျာ. ဒါကြောင့် ကျွန်တော် တို့ Format တွေ Support လုပ်နိုင်အောင် VLC တို့ GOM တို့ ထပ်ပြီး Install ရပါတယ်ဗျာ. ဒီ Program လေးက Windows မှာ ပါလာတဲ့  Windows Media Player ကို amr | mpc | ofr | divx | mka | ape | flac | evo | flv | m4b | mkv | ogg | ogv | ogm | rmvb | xvid  စတဲ့ Codecs တွေထပ်မံ ပေါင်းထည့် ပေးပြီး မည်သည့် Format ကို မဆို Support လုပ်ပေးနိုင်စေ မဲ့ Codecs  package လေးပါဗျာ. ဒီ package လေး ကို ADVANCED Codecs နဲ့ STANDARD Codecs ဟု နှစ်မျိုး အသုံးပြု နိုင်ပြီး ADVANCED Codecs မှာတော့ အဆင့်မြင့်သော Codecs package များ သို့ ပြောင်းလည်း ပေးနိုင်သော စနစ်ဖြစ်ပြီး STANDARD Codecs ကတော့ ပုံမှန်  Codecs package များ အဖြစ် သာ ပါဝင် ပါတယ်ဗျာ. ဒီ Codecs package လေးကို  Windows 7,8,10 System နှစ်မျိုး လုံး မှာ အသုံးပြုနိုင်ပါတယ်ဗျာ.

Mozilla Firefox 40.0.3 Stable

Internet Browser တွေ ကို Update ဖြစ် သင့် ပါတယ်ဗျာ. ဒါ မှ တာ Security ကောင်းမွန် လာ မှု နဲ့ မြန်ဆန် လာ မှု ကို ရစေ မှာ ပါ ဗျာ. Mozilla Firefox  နောက် ပိုင်း Update version မှာ ဆိုရင် ပြင်ဆင် များစွာ ရှိခဲ့ ပါတယ်ဗျာ အသုံးပြု ရ တဲ့ ပုံစံ ကို Maxthon Browser ကဲ့သို့ ပြောင်း လည်း ထားပြီး Setting ပိုင်းလည်း ပြု ပြင် ထားပါတယ်ဗျာ.  Google Chrome ပြီးရင် Mozilla Firefox နံပါတ် 2 အဆင့် မှာ ရှိတဲ့ Browser လေးပါဗျာ. အသုံးပြု ရ တာ လည်း လွယ်ကူ ပြီး  မြန်မာစာ အတွက် လုံးဝ အဆင်ပြေ တာကြောင့် မြန်မာ တွေ အသုံး များကြ ပါတယ်ဗျာ. Beta version  နဲ့ Stable version နှစ် မျိုး ကို နားမလည် တဲ့ သူတွေ အတွက် ရှင်းပြ ချင်ပါတယ်ဗျာ Beta Version ဆိုတာ စမ်းသပ် ထုတ်လုပ်တဲ့ Version တစ်ခုဖြစ်ပြီး အဲဒီ Beta version က လိုအပ် ချက်တွေ ကို ပြန်လည် ပြု ပြင် ပြီး Stable version  အဖြစ် ထုတ်လုပ် တာပါ.

NVIDIA GeForce Experience v2.5.14.5

NVIDIA GPU ပါရှိတဲ့ Laptop တွေ အတွက် NVIDIA GeForce Experience Program လေးပါဗျာ မိတ်ဆွေ တို့ System မှာ အဆင့်မြင့် တဲ့ Games တင်တဲ့အခါပဲဖြစ်ဖြစ် ၊ Application တင်တဲ့အခါပဲဖြစ်ဖြစ် system requirement အရ  graphic card ရဲ့ version ကိုလည်းစစ်ပါတယ်. တခါ တရံ မိမိ System ရဲ့ NVIDIA ဟာ မပြည့်စုံ တာတွေ အမှားဖြစ်နေတာတွေ ရှိတဲ့ အခါ Error အချို့ တတ် တတ်ပါတယ်. ဒီ Program လေး က NVIDIA နဲ့ သက်ဆိုင်တဲ့ အပိုင်းသုံးခု ဖြစ်တဲ့ processor, screen resolution and graphics card ကို ကောင်းမွန်အောင် ဆောင်ရွက်ပေးပြီး ရုပ်ထွက် quality and speed ကိုလည်းအဆင့် မြင့်တင်ပေးပါတယ်. သူ့ Offlical Pages မှာ ဖော်ပြ ထားတဲ့ အဆိုအရ Game List တော်တော် များများ ကို အထောက်အကူပြု ပေးနိုင်ပါတယ်ဗျာ.

Redmi Note 4G LTE MIUI 7.1.22 Beta-ShweEainThuLay Edition ROM (99.9% Stable)

Xiaomi Redmi Note 4G (Ram 2 GB Single SIM) အသုံးပြု နေကြတဲ့ မိတ်ဆွေ တွေ အတွက် ကျွန်တော် ကိုယ်တိုင်ပြန် လည် Edition လုပ်ထားတဲ့ MIUI 7.1.22 Beta ROM လေးပါဗျာ. MIUI 7 ရဲ့ 5.8.22 Build ကို အခြေ ခံထားပြီး ပြန်လည် Edition လုပ်ထား တာကြောင့် (99.9% Stable) ဖြစ်ပြီး လက်ရှိ ကျွန်တော် ကိုယ်တိုင် အသုံးပြု ထားပါတယ်ဗျာ.

Thursday, August 27, 2015

လက်ဝှဲ့ ထိုးသတ်မယ်

လက်ဝှဲ့ ဝါသနာရျင်များအတွက် အရမ်းလန်းတဲဂိမ်းလေး
လာပြီနော် ဆော့လိုကောင်းတယ်ဗျာ ဒီဂိမ်းဆော့ရင် သတိထား
ခီခီ ခဏနေ စိတ်ပါပြီး ဖုန်းမှန်တွေ ကျွန်သွားရင်တော့သိဘူးနော်
ပြောနေတာကြာတယ်ဗျာ ထိုးကြရအောင်နော် သတိရှိရင်ထွက်ခဲ
အဲ မှားလို အောက်မှာဒေါင်းပြီးဆော့နော် အမုန်းထိုးရတော့နော်.....

For----android

DOWNLOAD LINK






စမတ်ထုပ်ပြီး နပန်းချ ကြရအောင် WWE 2K

ဒီကောင်းကတော့ ပုံလေးမြင်တာနဲသိမှာနော်
လူတိုင်းကြိုက်ကြပါတယ် ကျွန်တော်မှာတောင်ခွေတွေရှိတေးတယ်
ပျင်းရင်ထိုင်ကြည်နေတာ အခုတော့ ခွေမကြည်တော့ ဂိမ်းပဲဆော့တော့မှာ
 နပန်းချ လေံကျင့်နေတာ ပြိုင်ပွဲဝင်မလို.........
ဒီဂီမ်းလေးတော့ 3D ရုပ်ထွက်လည်းကောင်းပါတယ်ဗျာ စမတ်တွေ ထုပ်ပြီး
ဘယ်လိုအနိုင်ယူရမလဲဆိုတာ ဆော့ကြည်လိုက်နော်

ဒီဂိမ်းလေးကတော့  Google play ဆိုရင် ထိုင်းဘတ်200ကျော်တယ်ဗျ
ဝယ်ရမှာ ကျွန်တော်ဆီမှာက အလားပဲ အောက်မှာယူသွားကြနော်

For ---- android

DOWNLOAD LINK




MOBILedit Forensic v8.0.0.7035

MOBILedit Enterprise ကဲ့သို့သော Program လေးပါဗျာ Model အမျိုး အစား ချင်း တူတဲ့ ဖုန်း အချင်းချင်း SIM  (ICCID and IMSI), IMEI နှင့် Mobile operating System တွေ ကို Clone ရိုက်ပေးနိုင်တဲ့ Program တစ်ခု ဖြစ်ပြီး Samsung, HTC, Sony , LG and Motorola စတဲ့ Android Device တွေ အတွက် အသုံးပြုနိုင် ယုံသာမက အခြား OS အသုံးပြုကြတဲ့ Apple, Nokia Symbian, Mee go, Blackberry, Windows Mobile, Windows Phone , Bada, Media Tak ,Meego or Mediatek (Chinese phones) ဖုန်းအမျိုးအစားပေါင်း 1000 ကျော် စတဲ့ ... Device အားလုံး အတွက် လည်းအသုံးပြုနိုင်ပါတယ်ဗျာ  ဖုန်း တစ်လုံး ချင်း အနေနဲ့ဆိုရင်အသုံးပြု သူ ရဲ့ call history, phone book, text and multimedia messages, files, calendars, notes, reminders, and ထည့်သွင်းထားသော application တွေ ကို .. Backup, Restore လုပ်ပေးနိုင်ခြင်း SIM ကဒ် ၏  pin and puk-codes တွေ ကို ရွေးပြောင်း ဖယ်ရှားနိုင်ပြီး အခြားအခြား သော အသုံးပြုစရာ Feature တော်တော်များများပါဝင်တာကြောင့် ဖုန်း ဆိုင်တွေ , Mobile Service လုပ်နေတဲ့ မိတ်ဆွေ တွေ အတွက် ဆောင်ထားသင့်တဲ့ Program လေးပါဗျာ.

Meta Products Offline Explorer Enterprise v6.9.4228.SR5

Online ခဏသာရှိယုံ နဲ့ Web ဆိုဒ်တစ်ခုလုံးကို လျှင်မြန်စွာ Download ဆွဲထားနိုင်ပြီး Offline အနေ နဲ့ ပြန်လည် ကြည့်ရူနိုင်တဲ့ အလွန်အသုံးဝင်လှ တဲ့ program လေးပါဗျာ အသုံးပြုစရာ Feature တော်တော်များများပါဝင်ပြီး Rss ကနေ post တွေကိုဖတ်ရသလို မဟုတ်ပဲ Offline အနေ နဲ့ တကယ်နဂို Website ထဲဝင်ဖတ်ရသလိုကြည့်ရှနိုင်ပါတယ်ဗျာ Web Site ထဲက ဓါတ်ပုံ, စာသားတွေ နဲ Video file တွေကိုလည်း offline အနေနဲ့ ဖွင့်နိုင်သလို offline viewing, editing နဲ့ FTP Upload စတာတွေကိုလည်း ပြုလုပ်နိုင်ပါသေးတယ်ဗျာ

UC Browser v5.4.4237 Build 1032

UC Browser လေးဟာ Mobile ကွန်ယက် များ ဖြစ်ကြတဲ့ iOS, Android, Windows Phone, နှင့် တခြား စနစ် ဆိုင်ရာ များတွင် ထင်ရှားကျော်ကြားစွာ နာမည် ရလာပြီးနောက် ယခုနောက် ပိုင်းတွင် ကွန်ပျုတာ အသုံးပြု သူ Windows User များအတွက် ပါ ထပ်မံ ထုတ်လုပ်လာခဲ့ပါတယ်. UC Browser လေး ကတော့ ကမ္ဘာ တစ်လွှား မှာ  IE , Maxton , FireFox and the Opera တို့ထက် သာပြီး Google Chrome နှင့် အပြိုင် နာမည်ကျော်ကြား တဲ့Topten  Browser လေးပါ. UC Browser ဟာ တခြား Browser တွေ ထက် ပိုမို မြန်ဆန်လှပါတယ်.  UC Browser  အဓိက အားသာ ချက် အနေ နဲ့ ကတော့ Security ကောင်းမွန်ခြင်း , ကိုယ်ပိုင် Download Manager နှင့် တခြား Custom Feature များပါဝင်ပြီး အင်တာနက် ကွန်နက်ရှင် နည်းတဲ့ အချိန် မှာတောင် မြန်ဆန်လှတဲ့ Searching, Browsing, Downloading, Video, Gaming, Shopping and Social Sharing စတာတွေကို  fastest speeds! အဖြစ် ကောင်းကောင်းထောက်ပံ့ပေးနိုင်ပါတယ်ဗျာ.

MediaCoder Premium v0.8.36 Build 5757

မိတ်ဆွေ တို့ Computer မှာ Converter ကောင်းကောင်းလေးကိုမှ အသုံးပြုချင်တဲ့ သူ တွေ အတွက် စွယ်စုံ အသုံးပြု နိုင်တဲ့ MediaCoder လေးပါဗျာ.သူ့ရဲ့လုပ်ဆောင်ချက်တွေကတော့ Ripping BD/DVD/VCD/CD တွေကိုလုပ်ဆောင်ပေးနိုင်တဲ့အပြင် Formats လုပ်ပေးနိုင်တာတွေကတော့ MP3,Vorbis, LC-AAC,HE-AAC, Opus, AC-3, MPEG Audio, MusePack, Speex, AMR, Windows Media Audio,ADPCM, mp3PRO စသည့်အပြင် တခြား Audio Compression လုပ်ပေးနိုင်တဲ့ Tools မျိုးစုံ ပါဝင်ပါ သေးတယ်ဗျာ. 

FotoSketcher v3.20 Beta 1

ဒီ ကောင်လေးက တော့ Photos တွေ နဲ့ ပက်သက် ပြီး အတော်အတန် ကို ပြုပြင် နိုင်တဲ့ Program လေးပါဗျာ. မိတ်ဆွေ တို့ ရဲ့ Photos လေးတွေကို ခဲခြစ် ပန်းချီ ပုံလေးတွေ ဖြစ်အောင် ပြု ပြင်ခြင်း ရေးဆေး၊ ဆီဆေး ပန်းချီ တွေနဲ့ တခြား ပန်းချီ ဒီဇိုင်း အမျိုးမျိုး ကို ဖန်တီးနိုင်ပါတယ်ဗျာ. တချို့ မှောင်သလိုလိုဝါးသလိုလို ဖြစ်နေတဲ့ Photos တွေကိုတောင် ဒီ Program လေး နဲ့ ပြန် ပြီး ချိန်ညိပေးလို့ရပါတယ်ဗျာ.

AdwCleaner v5.004

ဒီ  Programs လေးဟာ သေးငယ်သလောက် Internet မှ တဆင့် ၀င်ရောက်လာတဲ့ မိမိ Computer ကို တိုက်ခိုက် ဖို့ ဖြစ်ခြေ ရှိတဲ့ adware, toolbars, unwanted  စတဲ့  ရန်ကနေ ယုံကြည်ရ လောက် အောင်ကာကွယ် ပေးနိုင်ပါတယ်ဗျာ.

Adobe AIR v19.0.0.183 Beta

 Adobe AIR v19.0.0.183 Beta lasted update လေးပါဗျာ. Adobe Air ဆိုတာ ဘာလဲ လို့ မသိသေး တဲ့ မိတ်ဆွေ တွေ အတွက် ကျွန်တော် နည်းနည်းလောက်ပြောပြ ပါရစေဗျာ Adobe Air ဆိုတာ က Adobe Flash Player ကဲ့သို့ Internet Explorer, Opera, Chrome, FireFox, Safari, and စတဲ့ Internet Browser တွေ မှာ မရှိ မဖြစ် plugin လုပ်ပေးရတဲ့ Program တစ်ခုပါတယ်.
Internet အသုံးပြုရာတွင် မိတ်ဆွေ တို့ Browser တွေ အတွက် လိုအပ်တဲ့  HTML, AJAX, Flash and Flex စတာတွေ ကို အဓိက ကူညီပံ့ပိုးပေးနိုင်ပါတယ်ဗျာ ဒါအပြင် Webcam နဲ့ Video Chatting ဆိုင် ရာများ အတွက်လည်း video streams တွေ ကို ကောင်းမွန်တဲ့ performance တွေ ထောက် ပံ့ စေပြီး  2D/3D GPU စတဲ့ graphics ပိုင်းဆိုင်ရာတွေ ကို ထိန်းညှိပေးစေပါတယ်ဗျာ

AIDA64 Extreme Edition v5.30.3532 Beta

AIDA64 Extreme Programs လေးဟာ မိတ်ဆွေ တို့ Window မှာရှိသမျှ Hardware, Software တွေရဲ့ မူရင်းလက်ရှိ Version, Information တွေကို အတိအကျဖော်ပြပေးနိုင်ပါတယ်  AIDA64 Extreme ကို အသုံးပြုခြင်းဖြင့် မိတ်ဆွေ တို့ ရဲ့ Window မှာ ရှိတဲ့ ဘယ် Software တွေ က Upgrade လုပ်ဖို့လိုအပ်လည်းဆိုတာ စီမံခန့်ခွဲနိုင်မှာပဲဖြစ် လို့ Computer သမားတွေအတွက်အဆင်ပြေနိုင်မယ့် Program လေးပါဗျာ  Computer ထဲမှာတပ်ဆင်ထားတဲ့ ပစ္စည်းတွေ အကုန်လုံးကို စက်ဖုံးဖွင့်စရာမလိုပဲ နဲ့ ကြည့်နိုင်တဲ့  Program လေးပါဗျာ. ဘယ် Company က motherboard  ဘယ်အမျိုးအစား ဘယ် hardware က အလုပ်မလုပ်လို့ driver အမျိုးအစား ဘာကို လိုအပ်နေတယ် Download လုပ်ရမယ် စတာမျိုး တွေ က တအားကို ခေါင်းစားရတဲ့ ပြသာနာတွေကို တ ဖြေရှင်း Program လေးပါ မိတ်ဆွေ တို့ AIDA64 Extreme  စတင် Run လိုက်တာနဲ့ list နဲ့ Computer မှာရှိရှိ သမျှ hardware တွေကို စီပြီးတော့ ဖော်ပြပေးပါတယ်။ ဒီထဲကမှ ကိုယ်လိုတဲ့ အစိတ်အပိုင်း (ဥပမာ - sound card ဆို Multimedia က sound ) မှာ သွားပြီး နှိပ်လိုက်တာနဲ့ အဲ ဒီ device ရဲ့ details အတိအကျဖော်ပြပေးတယ် ပြီးတော့ Upgradeလုပ်ဖို့လိုအပ် နေရင် အဲဒီ Software ကို  Upgrade လုပ်ဖို့ Download လုပ် ရမဲ့ နေရာကိုလဲ   ဖော်ပြပေးပါတယ်ဗျာ

Dropbox v3.8.8 Stable (50 GB Space Present)

Dropbox Program လေး ကိုတော့ Blogger တွေ Android Developer တွေ အားလုံး ရင်းနှီးပြီး သားပါဗျာ ကျွန်တော် တို့ ဆီ က Videos , Music , Images တွေ Files တွေ ကို တခြား မိတ်ဆွေ တွေ ကို ပြန်လည် မျှဝေ ချင်တဲ့ အခါဖြစ်စေ , မိမိ အနေ နဲ့ Online ပေါ် မှာ သိမ်းထား ချင်တဲ့ အခါ ဖြစ်စေ အသုံး ပြု နိုင် တဲ့ ကြားခံ နယ် တစ်ခု ပါ စတင် စမ်းသပ် အသုံးပြု ချင်တဲ့ သူတွေ အဖို့ ကိုယ် ပိုင် Google အကောင့်  ဖြင့် 2GB space ကို အခမဲ့ လျှောက် ထားနိုင်ပြီး မိမိ အနေ နဲ့space ပိုလို အပ် ပါ က သက်ဆိုင်ရာ Dropbox ကုမ္ပဏီ သို့ သတ်မှတ်ထားသော လစဉ်ကြေး ပမာဏ ပေးဆောင်ရ မည် ဖြစ်ပါတယ်ဗျာ.