Sunday, September 27, 2015

Windows 10 USB Installer ကို ဖန်တီးခြင်း



Windows 10 ကို အသုံးပြုချင် သူများ အတွက် Windows 10 USB Installer ဖိုင်ကို ဖန်တီး ပြုလုပ် ချင်တယ် ဆိုရင် အောက်ဖော်ပြပါ အတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ဖို့ အတွက် ကွန်နက်ရှင်တော့ လိုအပ်မှာ ဖြစ်ပါတယ်။ Windows 10 USB Installer ဖိုင်ပြုလုပ်မယ် ဆိုရင် USB Storage အနည်းဆုံး 3GB အထက်ရှိရမှာ ဖြစ်ပါတယ်။


ပထမဦးဆုံး Windows 10 ကိုလက်ရှိ အသုံးပြုနေတဲ့ Windows 7 သို့မဟုတ် Windows 8 နှင့် 8.1 version တို့ပေါ်ကနေ Upgrade ပြုလုပ် ချင်သူများ အတွက် Microsoft ကထုတ်လုပ် ဖြန့်ချိပေးတဲ့ Media Creation tool ဆိုတာနဲ့ Upgrade ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Windows 10 USB Installer ကိုလည်း Media Creation Tool ကို အသုံးပြုပြီး ပြုလုပ် ဖန်တီးပေး ရပါမယ်။

Media Creation Tool ကိုရယူဖို့ အတွက် https://goo.gl/dtbQwX ဆိုတဲ့ ဝက်ဘ်ဆိုက်ကို သွားရပါမယ်။ အဆိုပါ ဝက်ဘ်ဆိုက်ကို ရောက်ရင် ကိုယ်လက်ရှိ တင်ထားတဲ့ Windows ဟာ Windows 32 bit လား 64 bit လားဆိုတာကို ခွဲခြားပြီး ကိုယ့်ရဲ့ Windows နဲ့ ကိုက်ညီမယ့် Media Creation Tool ကို Download လုပ်ယူ ရပါမယ်။

Download ပြုလုပ်ပြီးပြီ ဆိုရင် အဆိုပါ ဖိုင်ကို Run လိုက်ပါ။ Upgrade This PC Now ရယ် Create installation media for another PC ဆိုတာရယ်ကို တွေ့ရင် Create installation media for another PC ဆိုတာကို ရွေးချယ်ပေး ရပါမယ်။ ရွေးချယ်ပေး ပြီးရင် Next ကိုနှိပ် လိုက်ပါ။ နောက်တစ်ဆင့် ရောက်ရင် Language ကို English ရွေးပေး ထားပြီး Edition မှာ ကိုယ်နှစ်သက်တဲ့ Edition ကို ရွေးချယ် ပေးရ ပါမယ်။

ပြီးသွားရင်တော့ USB Device နဲ့ အသုံးပြုမှာ ဖြစ်တဲ့ အတွက် USB flash drive ဆိုတာကို ရွေးချယ်ပေး ရပါမယ်။ ရွေးချယ်ပေး ပြီးရင် Next ကိုနှိပ် လိုက်ပါ။ Next ကို နှိပ်ပြီးရင် USB drive ကို ကိုယ် အသုံးပြုမယ့် USB drive ကို ရွေးချယ် လိုက်ပါ။ Next button ကို ထပ်နှိပ် လိုက်ရင် Windows 10 အတွက် လိုအပ်တဲ့ ဖိုင်တွေကို စတင် download ပြုလုပ်ပြီး အဆိုပါ Stick ထဲကို ထည့်သွင်း ပေးသွား ပါလိမ့်မယ်။

Download ပြုလုပ်တဲ့ လုပ်ငန်းစဉ်တွေ ပြီးသွားရင်တော့ ညွှန်ပြထားတဲ့ လုပ်ငန်းများ အတိုင်း ထပ်မံပြုလုပ် ပေးသွား လိုက်လျှင် Windows 10 USB Installer ကို ဖန်တီးတဲ့ လုပ်ငန်း အဆင့် ပြီးဆုံး သွားပြီဖြစ် ပါတယ်။

အဆိုပါ USB Stick နဲ့ အခြားသော ကွန်ပျူတာတွေ ပေါ်မှာ တပ်ဆင်ပြီး Windows 10 ကို Upgrade အလွယ် တကူ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Internetjournal

Original link - http://www.internetjournal.media/how-to/4195

No comments:

Post a Comment