
ဗြိတိန် အခြေဆိုက် ကိန်းဘရိတ်ခ်ျ တက္ကသိုလ်မှ ပညာရှင် များဟာ လူ့ အကြောင်းကို မှန်ကန်အောင် ဟောပေးနိုင်တဲ့ App တစ်မျိုးကို တီထွင် ခဲ့ပါတယ်။ ယင်းကို Apply Magic Sauce လို့ အမည်ပေး ထားပြီး လူတိုင်း အခမဲ့ သုံးနိုင် ပါတယ်။ Link ကတော့
http://applymagicsauce.com/test.html ဖြစ်ပါတယ်။
ယင်း App မှာ မိမိရဲ့ Facebook account နဲ့ log in ဝင်လိုက်ပြီ ဆိုရင် မိမိရဲ့ စိတ် ခံစားချက်နဲ့ အကျင့် စရိုက်များ၊ ဥာဏ်ရည် ဥာဏ်သွေး များကို ဝေဖန် ခွဲခြား ပေးသွား ပါလိမ့်မယ်။
နိုင်ငံတကာမှ ရေးသား ဖော်ပြချက် အရတော့ သူဟာ မိမိရဲ့ မိခင်၊ ဖခင်နဲ့ စိတ်ပညာရှင်၊ ဗေဒင် ဆရာတို့ ခန့်မှန်းတာ ထက်တောင် ပိုမှန်အောင် ပေးနိုင်ကြောင်း ရေးသား ဖော်ပြနေ ကြပါတယ်။ ကျွန်တော် ကတော့ ကျွန်တော့ရဲ့ ဥာဏ်ရည်ကို ၇၀ ရာခိုင်နှုန်းသော လူတွေထက် ပိုကောင်း တယ်လို့ ပြောကတည်းက မယုံတော့ဘူး။
ကျွန်တော်နည်းတာ မဟုတ်ပေမယ့် အလုပ် မရနိုင်ပဲ ဂိမ်းပဲဆော့နေတဲ့ ကျွန်တော့ ညီလေးကျတော့ တက္ကသိုလ် ကျောင်းသားလေး ကျတော့ ၉၀ ရာခိုင်နှုန်းသော လူတွေထက် တော်တယ်တဲ့ဗျ။ အဟီး။ ရှက်တာပေါ့ဗျာ။ ဒါပေမယ့် အချက် အလက် အတော် များများက မှန်ပါတယ်။
မိမိဟာ သီးသန့်ဆန်ဆန် နေတတ်သူလား၊ လွတ်လပ်မှုကို ကြိုက်တတ် သူများ၊ ဘယ်ဘာသာ ကိုးကွယ်မှုကို နှစ်သက်သူလည်း၊ ယောက်ျားစစ်စစ်လား၊ မိန်းမစိတ် ဝင်နေလား၊ မှုခင်း ကျူးလွန် တတ်သူ ဖြစ်လား အစရှိ သဖြင့် စုံနေအောင် report ထုတ်ပေးပါတယ်။
ယင်း App ဟာ စီးစွားရေး လုပ်ငန်းရှင် များ အနေနဲ့ ၎င်းတို့ရဲ့ target customer တွေကို သိအောင် reserach ပြုလုပ်ရန် သုံးနိုင်သလို ရဲတွေအတွက်လည်း မှုခင်း ထောက်လှမ်းရေး၊ ပြစ်မှု လေ့လာ စောင့်ကြည့်ရေးများ အတွက် အသုံးပြုနိုင်မှာ ဖြစ်ကြောင်း ဆိုပါတယ်။
ယင်း App ဟာ Facebook ကနေ Data များကို API တစ်ခုကနေ ထုတ်ပြီး JASON format ဖြင့်လည်း ရယူနိုင်ပါတယ်။ မိမိဘာ မိမိ စိတ်ကြိုက် visualize လုပ်ချင် သူများ အတွက် ဖြစ်ပါတယ်။
အောင်ခမ်း (MMA)
Original link -http://www.myanmarmobileapp.com/2015/09/07/applymagic/

No comments:
Post a Comment