Sunday, September 20, 2015

အပင်မှ ထုတ်ယူနိုင်သည့် ကွန်ပျူတာ၊ စမတ်ဖုန်းများအတွက် အဖိုးတန်ဒြပ်စင် (ရုပ်သံ)



ဂျာမနီက သိပ္ပံပညာရှင် aတွဟာ အပင်တွေကနေ အဖိုးတန် ဒြပ်စင် ဖြစ်တဲ့ ဂျာမနီယမ် (germanium) ထုတ်ယူ နိုင်မယ့် နည်းလမ်းကို တွေ့ရှိခဲ့ ကြပါတယ်။ ဒီဒြပ်စင်က တပိုင်း လျှပ်ကူး ဖြစ်ပြီး လျှပ်ကူး သတ္တိ အလွန်ကောင်းတဲ့ အတွက် ပထမဆုံး ထရန်စစ္စတာ ထုတ်လုပ်ရာမှာ အသုံးပြု ခဲ့ပါတယ်။


ဒီနေ့ခေတ်မှာတော့ ဆီလီကွန် ဂျာမနီယမ် သတ္တုစပ်ဟာ ကွန်ပျူတာတွေ၊ စမတ်ဖုန်းတွေနဲ့ ဖိုက်ဘာ ကြိုးမျှင် ထုတ်လုပ်ရာမှာ အလွန် အရေးပါတာမို့ ခေတ်သစ် လူ့အဖွဲ့အစည်း အတွက် မရှိမဖြစ် ပါဘဲ။

အနီအောက်ရောင်ခြည် အလင်းဖောက်နိုင်တဲ့ ဒီ ဂျာမနီယမ်ကို အသိဉာဏ်ရှိ ပဲ့ထိန်း စနစ်တွေနဲ့ ကားတွေ ပါကင်ထိုးတဲ့ ဆင်ဆာတွေ လုပ်ရာမှာ အသုံးပြု ပါတယ်။ ဒီဒြပ်စင်ကို တကမ္ဘာ လုံးက မြေလွှာတွေမှာ တွေ့နိုင်ပေမယ့် ထုတ်ယူဖို့ ခက်ပါတယ်။ ကုန်ကြမ်းတွေကို တရုတ်ပြည်က အများဆုံး မှာယူ ရတာပါ။ ခုတော့ ဖရိဗာ့ဂ်သတ္တု တူးဖော်ရေးနဲ့ နည်းပညာ တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေ ကတော့ သဘာဝ လောကရဲ့ အကူအညီ အနည်းငယ် လောက်နဲ့ သူတို့ ဖန်တီးထားတဲ့ မြေဆီကနေ ဒီဒြပ်စင်ကို ထုတ်ယူနိုင်မယ့် နည်းသစ်ကို တွေ့ရှိခဲ့ ကြပါတယ်။

“ဂျာမန်မှာ ဆိုရင် ကျနော်တို့က ဒါကို ‘အပင်ဖြင့်သတ္တု တူးဖော်ခြင်း’ လို့ ခေါ်ကြတယ်။ ကျနော်တို့က ဒီဒြပ်စင်တွေကို မြေဆီထဲ ကနေ သစ်ပင်ရဲ့အမြစ်၊ အမြစ်ကနေ အရွက်တွေ ဆီထိ ရောက်အောင် ဆွဲယူမယ်။ အပင်တွေ ကနေ စွမ်းအင် အဖြစ် သုံးပြီးပြီ ဆိုမှ ရိတ်သိမ်းပြီး ဒီဒြပ်စင်တွေကို ထုတ်ယူ သွားမှာပါ။”

ဒီလုပ်ငန်းရဲ့ အလားအလာ ကတော့ အတော်ကြီး ပါတယ်။ ဒါပေမယ့် ဒီအသီး အပွင့်ကို မရယူနိုင် ခင်မှာ လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။ ခုလောလောဆယ် မှာတော့ အပင်ကနေ ဂျာမနီယမ် ပမာဏ အနည်းငယ်မျှပဲ ထုတ်ယူနိုင် ပါသေးတယ်။ တလီတာမှ မီလီမီတာ အနည်းငယ် လောက်ပဲ ရပါတယ်။ သိပ္ပံပညာရှင် တွေအဖို့ အရည် တလီတာမှာ အနည်းဆုံး ၁ ဂရမ်ထိ ထုတ်ယူနိုင်ဖို့ လိုပါတယ်။ ခုလောလောဆယ် မှာတော့ ဒီဒြပ်စင်ကို စုယူတဲ့ နည်းစဉ်နဲ့ပဲ ထုတ်လုပ်နိုင် ပါသေးတယ်။


DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/112608

1 comment:

  1. ဆက်သွယ်နိုင်အောင်လို့ Gmail လိပ်စာ လိုချင်ပါတယ်။

    ReplyDelete