ရန်ကုန်၊ စက်တင်ဘာ ၂၀
၁၈.၉.၂၀၁၅ ရက်နေ့ ၂၃၃၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်နေ အငှား ယာဉ်မောင်းဖြစ်သူ ကိုမျိုးမြင့်စန်းသည် ၎င်း၏ Probox အမျိုးအစား အငှားယာဉ်အား အောက် ကြည့်မြင်တိုင် လမ်းအတိုင်း တောင်မှ မြောက်သို့ မောင်းနှင် လာစဉ် ဟုမ်းလမ်း မှတ်တိုင် အလွန် အရောက် လူငယ် (၄) ဦးမှ လှိုင်သာယာ စက်မှုဇုန်သို့ သွားလိုကြောင်း ပြောဆို ငှားရမ်း သဖြင့် ၎င်းတို့အား တင်ဆောင်၍ မောင်းနှင် လာခဲ့ရာ လှိုင်သာယာ မြို့နယ်၊ ပန်းလှိုင်ဂေါက်ကွင်း လမ်းအရောက် လူငယ်များမှ ယာဉ်အား ရပ်ခိုင်းသဖြင့် ရပ်ပေး ခဲ့ပါသည်။
ထိုစဉ် ၎င်းတို့ အနက် တစ်ဦးက ကိုမျိုးမြင့်စန်း၏လည်ပင်းကို သိုင်းချုပ်ကာ ပါသည့် ပိုက်ဆံအား ပေးရန်တောင်း ခဲ့သဖြင့် ကားစထွက်ခြင်း ဖြစ်၍ ပိုက်ဆံ (၃၀၀) ကျပ်သာ ပါကြောင်း ရှင်းပြ သော်လည်း ၎င်းတို့မှ မယုံကြည်ဘဲ ယာဉ်အတွင်း လိုက်လံ ရှာဖွေ ခဲ့ပြီးနောက် ကိုမျိုးမြင့်စန်းအား ယာဉ်၏နောက်ခန်း တွင်ထိုင်စေကာ တစ်ဦးမှ ချွန်ထက်သောအရာဖြင့်ထောက်၍ အခြားတစ်ဦးမှ ယာဉ်အား မောင်းနှင် သွားခဲ့ ပါသည်။
၎င်းလူငယ် (၄) ဦးမှ ကိုမျိုးမြင့်စန်းအား လက်ကိုင်ဖုန်း ပေးရန် ထပ်မံတောင်းခဲ့ သဖြင့် လက်ကိုင်ဖုန်း မပါကြောင်း ပြောဆိုခဲ့ရာ လှိုင်မြို့နယ်၊ ဗဟိုလမ်းမ အရောက်တွင် လမ်းဘေး၌ ယာဉ်ကို ရပ်၍ ကိုမျိုးမြင့်စန်းအား ဆင်းခိုင်းပြီး ယာဉ်ကို မောင်းနှင် ယူဆောင် ထွက်ပြေးရန် ပြုစဉ် လှိုင်မြို့မ ရဲစခန်းမှ လှည့်ကင်း ရဲတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့ပြီး ထိန်းသိမ်းကာ စစ်ဆေး မေးမြန်း ခဲ့ပါသည်။
စစ်ဆေးချက် အရ ၎င်းတို့ (၄) ဦးမှာ လှိုင်သာယာ မြို့နယ် နေသူများ ဖြစ်သည့် ဇင်ကို၊ (၁၉)နှစ်၊ ပေါက်စ (ခ) ရဲမင်း၊ (၂၁)နှစ်၊ ဆယ်ပြား (ခ) အောင်မျိုးထက်၊ (၂၃)နှစ်နှင့် မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့နယ်နေ ဂျောက်ဂျက် (ခ) ဆံရှည် (ခ) သာနိုင်ဇံ၊ (၂၀)နှစ် တို့ဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့ (၄ )ဦးမှ ကိုမျိုးမြင့်စန်းအား မှန်ကွဲစဖြင့် ထောက်ကာ ယင်းသို့ ကျူးလွန် ခဲ့ခြင်း ဖြစ်သည်ကို သိရှိရပါသည်။
ယင်းသို့ ပြစ်မှု ကျူးလွန် သူများဖြစ်သည့် ဇင်ကိုပါ (၄) ဦးကို လှိုင်မြို့မ ရဲစခန်း (ပ) ၄၂၇/၂၀၁၅၊ ပြစ်မှု ပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့်ကာ အရေးယူ ဆောင်ရွက် လျက် ရှိကြောင်း သတင်း ရရှိပါသည်။
Yangon Police
Original link - https://www.facebook.com/yangonpolice

No comments:
Post a Comment