Monday, September 21, 2015

ထိုးနှက် တိုက်ခိုက်မှုတွေ အပေါ် ဒေါ်အောင်ဆန်း စုကြည် တုန့်ပြန်



ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ရင် မြန်မာနိုင်ငံကို "ကုလားတွေ" အုပ်ချုပ် လိမ့်မယ် လို့ ထိုးနှက် တိုက်ခိုက်မှုတွေ ရှိနေတဲ့ အပေါ် ဘယ်လို ပြောချင် ပါသလဲလို့ မေးမြန်း ရာမှာ ဒေါ်အောင်ဆန်း စုကြည်က အဲ့ဒီလိုပြောပြီး စည်းရုံး တိုက်ခိုက်ဟာ "အောက်တန်း ကျတဲ့ နိုင်ငံရေး" ဖြစ်ကြောင်းနဲ့ အဲ့ဒီလို ပြောဆိုနေ တာတွေကို နားထောင် စရာ မလိုကြောင်း ပြောပါတယ်။


ဒီကနေ့ နေပြည်တော် ဇေယျာသီရိ မြို့နယ် နန်းသြ ကျေးရွာမှာ ရွေးကောက်ပွဲ အသိပညာပေး ဟောပြောပွဲမှာ လူငယ်တစ်ဦးက မေးမြန်းတာကို ဒေါ်အောင်ဆန်း စုကြည် က ဖြေကြား ခဲ့တာ ဖြစ်ပါတယ်။

ဒီမိုကရေစီ စနစ်မှာ ပြည်သူတွေ ကလည်း ကိုယ့်တာဝန် ကျေပြွန်ဖို့ လိုအပ် သလို အာဏာကို အစိုးရ အပေါ် အားလုံး ပုံအပ်ထား တာမျိုး မလုပ်ကြဖို့နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ ဖွဲ့နိုင်ရင်လည်း အာဏာကို ပုံအပ် ထားတာမျိုး မလုပ်ဖို့ ကိုလည်း ပြောပါတယ်။

အန်အယ်လ် ပါတီအနေနဲ့ ကိုယ်စားလှယ် လောင်းတွေကို အကောင်းဆုံး ဖြစ်အောင် ရွေးချယ် ထားကြောင်းနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရ ဖွဲ့နိုင်မယ်ဆိုရင် ပြည်သူတွေ အတွက် အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်ပေး သွားမှာဖြစ်ကြောင်း လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

ဒီကနေ့ ဟောပြောတဲ့ ဇေယျာသီရိ မဲဆန္ဒနယ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးသွင်ဟာ ပြည်ခိုင်ဖြိုး ပါတီ ကနေ ယှဉ်ပြိုင်မယ့် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

နန်းသြကျေးရွာ ဟောပြောပွဲကို ဒေသခံ တစ်သောင်း နီးပါးလောက် တက်ရောက် ကြပါတယ်။

RFA Burmese

Original link - https://www.facebook.com/RFA-Burmese-39218993127/timeline/

No comments:

Post a Comment