Apple မှ iPhone နဲ့ iPad များ အတွက် နောက်ဆုံး ထုတ်ပေး လိုက်တဲ့ iOS Version 9 ရဲ့ စွမ်းဆောင်ရည် ကောင်းမွန်တဲ့ Feature အချို့ကို iOS 9 ကို အသုံးပြု သူများအနေနဲ့ သိပြီးသား ဖြစ်မှာပါ။ iOS9 ကို အသုံးပြု သူတို့ သိသိ သာသာ သတိထား မိတဲ့ Feature အချို့ ကတော့ အရင် ကထက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန် လာတဲ့ Siri နဲ့ အရင် ကထက် ပိုပြီး တိုးတက်မှု ရှိလာတဲ့ Maps တို့ ဖြစ်ပါတယ်။
ဒါပေမဲ့ iOS 9 ရဲ့ အချို့ Feature တွေ ကိုတော့ အသုံးပြု သူတို့ သိသိသာသာ သတိထား မိဖို့ ခက်ခဲနေ ပါအုံးမယ်။ ဘာကြောင့်လဲ ဆိုတော့ အဆိုပါ feature တွေ ဟာ နောက်ကွယ် ကနေ အလုပ် လုပ်နေတာကြောင့် ဖြစ်ပါတယ်။ နောက်ကွယ် ကနေ အလုပ် လုပ်နေတဲ့ Feature တွေကတော့ Wi-Fi Assist, Smarter Calendar App, Flight Preview, Select Multiple Photo at once (finally), Organize your notifications, Organize your notes, Teach Siri Your Voice, Share and Send Voicemails, CarPlay, Audio App Suggestions, “Leave a message” for missed Face Time Calls, Navigating between apps စတဲ့ feature တွေပဲ ဖြစ်ပါတယ်။
1. Wi-Fi Assist

Wi-Fi Assist Feature ကို အသုံးပြု ထားမယ် ဆိုရင် မိမိဟာ Wifi Network တစ်ခု အသုံးပြုတဲ့ အခါ မိမိရဲ့ Wifi Network Connection ဟာ လိုင်းစွဲ အား အရမ်းနည်းနေတဲ့ အချိန်ရောက်ရင် မိမိ iPhone သို့မဟုတ် iPad ရဲ့ Cellular data ကို အလို အလျောက် အသုံးပြု ပေးသွားမှာ ဖြစ်ပါတယ်။ ဒါဟာ အင်တာနက် အသုံးပြုသူတွေ အတွက် စိတ်ပျက်စရာ Wifi လိုင်းစွဲအားနဲ့ ကြုံရတဲ့ အခါ မိမိ Celluar Data ကို သွားရောက် အသုံးပြုခြင်း အလုပ်ကနေ သက်သာအောင် ဖန်တီးပေး လိုက်ခြင်း ဖြစ်ပါတယ်။ ဒီ feature ကို အသုံးပြု လိုရင် Setting >>> Cellular data >>> Wifi Assist ဆိုပြီး အဆင့် အဆင့်ဖြင့် အသုံးပြုနို င်ပါတယ်။
2. Smarter Calendar App

ဒီ Feature ကတော့ အချိန်တွေ ၊ နေ့စွဲတွေ အတိအကျ နဲ့ အလုပ် လုပ်နေကြတဲ့ လုပ်ငန်းရှင်တွေ အတွက် အရမ်းကို အသုံး ဝင်စေတဲ့ feature တစ်ခု ဖြစ်ပါလိမ့်မယ်။ မိမိကို Email နဲ့ ဆက်သွယ် ဖိတ်ကြား ထားတဲ့ Event ပွဲတွေ ၊ လေယာဉ် ထွက်ချိန်တွေ စတဲ့ နေ့ရက်တွေကို iOS 9 မှာပါဝင်တဲ့ Calendar App ထဲမှာ အလို အလျောက် ထည့်သွင်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။
မိမိတကယ်သွားရမဲ့ Event တွေရှိလာတဲ့ အခါ တည်နေရာကို ထည့်သွင်းပေး ထားပါက တည်နေရာကို ဖော်ပြခြင်း ၊ လေယာဉ် ထွက်ချိန် တွေနဲ့ လေယာဉ် ကွင်းကို သွားမဲ့ ကြာချိန်တွေကို မိမိ တည်ရှိရာမြို့ရဲ့ လမ်းအကွာ အဝေး ၊ ယာဉ် ကြော ပိတ်ဆို့မှု အခြေအနေ တွေပေါ် မူတည်ပြီး notification နဲ့ ဖော်ပြပေးခြင်း တွေကို လုပ်ဆောင် ပေးမှာ ဖြစ်ပါတယ်။
3. Flight Previews

လေယာဉ်နဲ့ ပါတ်သက်တဲ့ သတင်း အချက်အလက် တွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ မိမိခရီးသွား ခဲ့တဲ့ လေယာဉ် နံပါတ်တွေကို Email, Notes နဲ့ Safari တို့မှာ Link အနေနဲ့ ဖော်ပြ ထားတဲ့ အခါ အဆိုပါ Link ကို နှိပ်ကာ လေယာဉ်နဲ့ ခရီးသွားခဲ့တဲ့ မိမိရဲ့ ခရီးအကွာ အဝေး ထွက်သည့် နေ့ရက် ၊ ဆိုက်ရောက်သည့် အချိန်နဲ့ အခြား အချက်အလက် တွေကို ဖော်ပြ ပေးမှာ ဖြစ်ပါတယ်။
4. Select Multiple Photos at once (finally)

အရင် iOS version တွေတုန်းက ဓါတ်ပုံတွေကို Select လုပ်တဲ့ အခါ တစ်ပုံ ချင်းစီ Select လုပ်ရပြီး အခု iOS9 မှာတော့ ဓါတ်ပုံတွေကို Select လုပ်ချင်တယ် ဆိုရင် Select Button ကို နှိပ်ကာ နောက်ထပ် မိမိ Select လုပ်ချင်တဲ့ ပုံတွေပေါ် ဖိပြီး ပွတ်ဆွဲ လိုက်ရုံနဲ့ အားလုံး Select မှတ်ပြီးသား ဖြစ်သွားမှာပါ။
5. Organize your notifications

မိမိဖုန်းတွင် ဖော်ပြနေတဲ့ notifications တွေကို Control လုပ်ရတာ Feature ပိုပြီး စုံလာ ပါတယ်။ နေ့ရက် အလိုက် Notification တွေကို ပြသခြင်း ၊ မိမိအသုံးပြုလိုတဲ့ Notification တွေကို နှိပ်လိုက်ရုံနဲ့ Feature ထဲ ရောက်ရှိ သွားခြင်း ၊ Notification တစ်ခုချင်း စီကို ဖျက်နိုင်ခြင်း ၊ Social Media Application များတွင် ပြသော Notification ဆိုလျှင်လည်း notification တွင်ဖော်ပြထားတဲ့ Function ကို အသုံးပြုကာ Social Media Application ရှိ Function ထဲသို့ တိုက်ရိုက် ဝင်ရောက် အသုံပြုပေးခြင်း ၊ ဘယ်အချိန် တွေမှာ မိမိဆီကို notification တွေ ရောက်လာတယ် ဆိုတာကို အချိန်နဲ့ အတိအကျ ဖော်ပြပေးခြင်း စတဲ့ Notification နဲ့ ပတ်သက်တဲ့ Feature အသစ်တွေ အတော်ကို စုံလင် လာခဲ့ ပါတယ်။
မိမိဖုန်းတွင် ဖော်ပြနေတဲ့ notifications တွေကို Control လုပ်ရတာ Feature ပိုပြီး စုံလာပါတယ်။ နေ့ရက် အလိုက် Notification တွေကို ပြသခြင်း ၊ မိမိ အသုံးပြုလိုတဲ့ Notification တွေကို နှိပ်လိုက်ရုံနဲ့ Feature ထဲရောက်ရှိ သွားခြင်း ၊ Notification တစ်ခုချင်းစီကို ဖျက်နိုင်ခြင်း ၊ Social Media Application များတွင် ပြသော Notification ဆိုလျှင်လည်း notification တွင်ဖော်ပြထားတဲ့ Function ကို အသုံးပြုကာ Social Media Application ရှိ Function ထဲသို့ တိုက်ရိုက် ဝင်ရောက် အသုံပြုပေးခြင်း ၊ ဘယ်အချိန်တွေမှာ မိမိဆီကို notification တွေ ရောက်လာတယ် ဆိုတာကို အချိန်နဲ့ အတိအကျ ဖော်ပြပေးခြင်း စတဲ့ Notification နဲ့ ပတ်သက်တဲ့ Feature အသစ်တွေ အတော်ကို စုံလင် လာခဲ့ ပါတယ်။
6. Organize your notes

အရင် Version တွေတုန်းက Note ကို အသုံးပြုတဲ့အခါ မိမိ မှတ်ထား သမျှ Note များကို တန်းစီကာ ဖော်ပြ ပေးပါတယ်။ အခု iOS 9 မှာတော့ မိမိ မှတ်ထားသမျှ Note တွေကို folder တစ်ခုခြင်းစီ ခွဲပြီးဖော်ပြပေးခြင်း ၊ Note မှာ Sketchs Feature များပါဝင်လာခြင်း ၊ Sketchs Feature ကို အသုံးပြုတဲ့ အခါ Sketchs Pen ရဲ့ အရောင်များကို ရွေးချယ် အသုံးနိုင်ခြင်း ၊ Note မှာ ဓါတ်ပုံများ ဗီဒီယိုဖိုင်များကို ထည့်သွင်း မှတ်သားနိုင်ခြင်း ၊ စာလုံး ဒီဇိုင်းမျာ ရွေးချယ်နိုင်ခြင်း စတဲ့ Microsoft Word မှာလုပ်နိုင်တဲ့ အရာတွေကို iOS9 ရဲ့ Note မှာတင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
7. Teach Siri your voice

သင့်ရဲ့ အသံကို Siri မှတ်မိနိုင်စေဖို့ သင်ကြားပေးနိုင် ပါတယ်။ သင့်အသံနဲ့ Siri ကို အသုံးပြုကာ Hey , Siri လို့ခေါ်လိုက်တာနဲ့ မိမိရဲ့ နာမည်ကို Siri မှ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ သင့်အသံကို မှတ်မိနေစေဖို့ အတွက် သင့်ရဲ့ Siri ကို စာသား အနည်းငယ် သင်ပေးရမှ ဖြစ်ပါတယ်။ ဒီအတွက်တော့ Setting >>> General >>> Siri >> Allow “Hey Siri” ဆိုပြီး အသုံးပြုနိုင် ပါတယ်။
8. Share and Send Voicemails

Voicemail ဝန်ဆောင်မှု ရရှိတဲ့ နေရာများ တွင်တော့ မိမိ လက်ခံ ရရှိထားတဲ့ Voicemail တွေကို iOS Share Sheet အား အသုံးပြုကာ အခြားလူ တစ်စုံ တစ်ယောက် ဆီသို့ ပြန်လည် မျှဝေနိုင် ပါတယ်။
9. Car Play

Car Play ကတော့ အဓိက Siri ကို တွင်ကျယ်စွာ အသုံးပြုခြင်းမျိုးပါပဲ။ မိမိဟာ ကားမောင်းနေရင်းနဲ့ ဖုန်းပြောခြင်း၊ Message ပို့ခြင်း ၊ သီချင်းများဖွင့်နိုင်ခြင်း ၊ Apple Map ကို အသုံးပြုကာ လမ်းညွှန်ပေးခြင်း စတဲ့လုပ်ဆောင်ချက်များကို Siri ဖြင့် ခိုင်းစေလုပ်ကိုင် ခြင်းဖြစ်ပါတယ်။ Car Play ကို အသုံးပြုချင်တယ်ဆိုရင်တော့ မိမိရဲ့ ကားထဲမှာ CarPlay App ထည့်သွင်းထားတဲ့ Hardware အစိတ်အပိုင်းအချို့တော့လိုအပ်ပါလိမ့်မယ်။
10 . Audio App Suggestions

iPhone နဲ့ သီချင်းနားထောင်တဲ့ အခါ များသောအားဖြင့် နားကြပ် (Earpod) နဲ့နားထောင်တာ များကြပါတယ်။ နားကြပ်နဲ့ သီချင်းနားထောင် သူတို့အတွက် သီချင်းနားထောင်ဖို့ ဖုန်းကို နားကြပ် တပ်ထားပြီး lock ချခဲ့မယ် ဆိုရင် Lock Screen ရဲ့ အောက်ခြေ ဘယ်ဘက်ထောင့်လေးမှာ သီချင်းသင်္ကေတ လေးနဲ့ သီချင်း Application လေးကို အလွယ်တကူ ဖွင့်လို့ရအောင် ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒီ feature ဟာ iOS 9 မှာသာ ပါဝင်လာတဲ့ feature အသစ်လည်း ဖြစ်ပါတယ်။
11. “Leave a message ” for missed Face Time calls

Face Time Call ကတော့ ရိုးရိုးသာမန် ဖုန်းခေါ်ဆိုမှုနဲ့ အားလုံး နီးပါး တူညီမှု ရှိပါတယ်။ အကယ်၍ အခြား တစ်စုံတစ်ယောက်မှ Face Time ဖြင့် မိမိဆီသို့ ဖုန်းခေါ် လာခဲ့တဲ့ အခါ မိမိဘက်မှ ပြန်မပြောမိတဲ့ အချိန်နဲ့ ကြုံကောင်းကြုံလာနိုင် ပါတယ်။ ဒီလို အချိန်တွေမှာ Message နဲ့ Reply ပြန်လုပ်နိုင်အောင် Face Time Call Feature မှာ Leave a message option ပါဝင်လာ ခဲ့ပါတယ်။
12. Navigating between apps

ဒီ Feature ကတော့ အားလုံး သိသာ ထင်ရှားအောင် မြင်တွေ့နိုင်ပါတယ်။ ဒါပေမဲ့ လည်း အသုံးမပြုမိ လောက်အောင်ကို မေ့ကောင်း မေ့သွားနိုင် ပါတယ်။ ဒီ Feature ကတော့ မိမိဖုန်း အတွင်းမှာ Install လုပ်ထားတဲ့ Application များကို အလွယ်တကူ ရှာဖွေနိုင်အောင်နဲ့ မိမိနောက်ဆုံး အသုံးပြုထားတဲ့ Application တွေကို ပြသတဲ့ Navigating ဖြစ် ပါတယ်။
Ref : Mashable
Aung Ko Htet (MMA)
Original link - http://www.myanmarmobileapp.com

No comments:
Post a Comment