Monday, September 21, 2015

ဧရာဝတီတိုင်းမှာ မှတ်ပုံတင် အခမဲ့ပြုလုပ်ပေးပြီး မဲဆွယ်နေမှု NLD ပါတီ ကန့်ကွက်



ဧရာဝတီတိုင်း ဒေသကြီး ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ကိုယ်စားလှယ် လောင်းအဖြစ် ရွေးချယ် ထားမှုနှင့် ၀န်ကြီးချုပ် ဦးသိန်းအောင် က မှတ်ပုံတင် အခမဲ့ ပြုလုပ် ပေးပြီး မဲဆွယ် မှုများကို ပြင်းပြင်း ထန်ထန် ကန့်ကွက်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး NLD ပါတီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးညွန့်က ပြောဆို လိုက်သည်။


“နိုင်ငံရေးပါတီများ လိုက်နာရမယ့် ဥပဒေ ဆိုတာ ရှိပါတယ်။ အခုက သူတို့ ပါတီ အနေနဲ့ လက်ရှိ အာဏာရ ထားတာကို အသုံးချ လုပ်ဆောင်နေတဲ့ အတွက် ကန့် ကွက် ပါတယ်”ဟု အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ် ပါတီမှ ဧရာဝတီတိုင်း ဒေသကြီး ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က ပြောသည်။

အင်္ဂပူမြို့နယ်အတွင်းရှိ ရွာများတွင် ၀န်ကြီးချုပ် ဦးသိန်းအောင်က မှတ်ပုံတင် အခမဲ့ပြုလုပ် ပေးနေခြင်းကို ရွေးကောက်ပွဲ ကော်မရှင်သို့ အဆင့်ဆင့် တိုင်ကြား ထားသော်လည်း အရေးယူမှု မရှိသေးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ ထံမှ သိရသည်။

“မဲစာရင်းမှာ ပါပြီး မှတ်ပုံတင် မရှိလို့ မဲမပေးရ တာမျိုးတွေ ဖြစ်လာမှာ စိုးလို့ မှတ်ပုံတင် အခမဲ့လုပ်ပေးတာပါ။ မှတ်ပုံတင် လုပ်ပေးလို့ ပါတီကို မဲပေးရမယ် လို့လည်း ပြောတာ မဟုတ်ပါဘူး” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဧရာဝတီတိုင်း ဒေသကြီး အတွင်းရေးမှူး ဦးအောင်တင်မြင့် က ပြောသည်။

MMK
The Ladies News Journal

Original link - https://www.facebook.com/News.TheLadies

No comments:

Post a Comment